"ကျုပ်ရဲ့ အခွင့်အလမ်းတွေ ရောက်လာမယ့်နေ့ရက်တွေအတွက် ကျုပ်ပြင်ဆင်ထားတယ်" ဆိုတဲ့ စကားလေး။ ဒီစကားဆောင်ပုဒ်လေးက အရမ်းကို ပညာရပါတယ်။ တကယ်လည်း အောင်မြင်တဲ့ဘဝတစ်ခုကို တည်ထောင်နိုင်ဖို့ ကြိုးစားတဲ့နေရာမှာ အရေးကြီးတဲ့ စည်းမျဉ်းစည်းကမ်းတစ်ခုဖြစ်တယ်လို့လည်း မြင်မိတဲ့အတွက်ကြောင့် ဘယ်လို ပြင်ဆင်ရမလဲဆိုတာလေးကို ဝေမျှပေးပါရစေ။

အနာဂတ်အတွက် အမြဲတမ်းပြင်ဆင်ထားပါ

မနက်ဖြန်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို ဘယ်သူမှမသိနိုင်ပါဘူး။ သင်လည်း မသိနိုင်ပါဘူး။ ဒါကြောင့် သင့်ဘက်ကတော့ မနက်ဖြန်အတွက် အမြဲတမ်းပြင်ဆင်နေရပါလိမ့်မယ်။ သင့်ရဲ့ ဗဟုသုတတွေကို ပြည့်ဝနေအောင် ပြင်ဆင်ထားပါ။ သင့်ရဲ့ အသိုင်းအဝိုင်းကို ကျယ်ပြန့်ကောင်းမွန်အောင် ပြင်ဆင်ထားပါ။ တစ်နေ့နဲ့တစ်နေ့ တစ်ထပ်တည်းဖြစ်နေတဲ့ပုံစံကြီးနဲ့တော့ နေ့စဉ်မဖြတ်သန်းပါနဲ့။ အဲဒီ့အစား မနက်ဖြန် တစ်ခုခုဖြစ်တော့မယ့်အတိုင်း သင့်စိတ်ကိုယ်သင် ပြင်ဆင်ထားပါ။ တကယ်လည်း မနက်ဖြန်ဆိုတာ သင် မမျှော်လင့်ထားတဲ့အရာ တစ်ခုခုဖြစ်လာနိုင်ပါတယ်။

မလိုအပ်ခင်ကတည်းက ပြင်ဆင်ထားပါ

လူတော်တော်များများကတော့ ဖြစ်လာမှ ပြေးရင်ဆိုင်လိုက်ကြတဲ့သူတွေချည်း များပါတယ်။ လိုအပ်မှ ထလုပ်ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ အဲဒီလိုအပြုအမူတွေကြောင့် သင် နောက်ကျကျန်ခဲ့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘာကိစ္စနဲ့ပဲပတ်သတ်ပါစေ မလိုအပ်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားပါ။ မိုးရာသီမရောက်ခင်ကတည်းက အိမ်ခေါင်မိုးတွေ လုံမလုံ စစ်ဆေးပါ။ ဒီလိုစိတ်ထားမျိုးကို သင့်ဘဝရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ ဘယ်လိုကိစ္စမျိုးမှာမဆို ထားပါ။

အခွင့်အရေးတွေ ရောက်လာမယ်လို့ ယုံကြည်ပါ

ဘာမှန်းမသိတဲ့ အရာတစ်ခုအတွက် ပြင်ဆင်ရမယ်ဆိုတာ တကယ်တော့ တော်တော် ကြောင်တောင်တောင်နိုင်တဲ့ အလုပ်ပါပဲ။ ဒါပေမယ့် သင့်မှာ စိတ်ကူးအိပ်မက်ကောင်းကောင်းတစ်ခု ရှိရပါမယ်။ အဲဒီ့အိပ်မက်နဲ့ သက်ဆိုင်တဲ့ အခွင့်အရေးကလည်း တစ်နေ့တစ်ချိန်မှာ ရောက်ကိုရောက်လာလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုးလည်း ထားပါ။

ပိုကောင်းတာတွေရှိနေတာ ယုံကြည်ပါ

သင့်ဘဝမှာ အခုရောက်ရှိရရှိနေတဲ့ နေရာနဲ့အရာတွေထက် ပိုကောင်းတဲ့အရာ သင်မရနိုင်တော့ဘူး၊ မရှိနိုင်တော့ဘူးလို့ တွေးထင်နေမယ်ဆိုရင် သင် ဘာမှပြင်ဆင်ဖို့လိုအပ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပိုကောင်းတဲ့အခွင့်အလမ်းတွေ သင့်မှာ ရှိနေသေးတယ်ဆိုတာကို ယုံကြည်ထားလိုက်ပါ။ McDonald’s ပိုင်ရှင် Ray Kroc ဆိုလည်း သူ အသက် ၅ဝမှာ Milkshake Machine ရောင်းရင်း ကောင်းမွန်တဲ့စီးပွားရေးအခြေအနေတစ်ခုကို ပိုင်ဆိုင်ထားပြီးပါပြီ။ ဒါပေမယ့် သူဟာ ဒီ့ထက်ကောင်းတဲ့အခွင့်အလမ်း သူ့မှာရှီနေသေးတယ်လို့ ယုံကြည်မှုကြောင့်ပဲ McDonald’s ဆိုတဲ့ အလုပ်အကိုင်အသစ်ကို မြင်တွေ့ခဲ့တာပါ။

ဒါကတော့ Abraham Lincoln ရဲ့ ရိုးရှင်းပြီး ပညာသားပါတဲ့ စကားလေးတစ်ခွန်းကနေ ဆင့်ပွားတွေးယူလို့ရတဲ့ အောင်မြင်မှုသော့ချက်တွေပဲဖြစ်ပါတယ်။ မနက်ဖြန်အတွက် အလုပ်လုပ်ပါ။ မနေ့က အလုပ်ကို မလုပ်ပါနဲ့။ အရာရာကို ရင်ဆိုင်နို်င်အောင် ကြိုတင်ပြင်ဆင်ထားခြင်းအားဖြင့် သင့်ကို ပင်ပန်းစေရင်တောင် ကျရှုံးခြင်းကိုတော့ မဖြစ်စေနိုင်တာ အသေအချာပါပဲ။

သတင်းအရင်းမြစ် MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။