တရားဝင်လက်ထပ်ယူထားတဲ့ sex doll လေးပျက်စီးသွားလို့ စိတ်မကောင်းဖြစ်နေတဲ့ အမျိုးသား

//s9.kh1.co/81/81efd637eb398739e76bcc1ea5d04376a0d08c7f.jpg
နိုင်ငံတကာသတင်းများ

 ၂၉-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

Bodybuilder တစ်ယောက်ဖြစ်တဲ့ ဒီအမျိုးသားရဲ့ နာမည်ကတော့ Yuri Tolochko ဖြစ်ပြီး သူဟာ Kazakhstan နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

၎င်း အမျိုးသားဟာ သူ့ရဲ့ sex doll လေး Margo နဲ့ 2 နှစ်လောက်အတူနေခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာမှ လက်ထပ်ယူခဲ့တာပဲဖြစ်ပါတယ်။

Photo credit - yuri tolochko instagram
Photo credit - yuri tolochko instagram
Photo credit - yuri tolochko instagram
Photo credit - yuri tolochko instagram
Photo credit - yuri tolochko instagram
Photo credit - yuri tolochko instagram

၎င်းအမျိုးသားဟာ သူ့ရဲ့ sex doll လေး Margo နဲ့ သာမန်သမီးရည်းစားတွေကို ဖြတ်သန်းပြီးမှ လက်ထပ်ခဲ့တာဖြစ်ပြီး sex တစ်ခုထဲအတွက်ကြောင့် လက်ထပ်ခဲ့တာမျိုးမဟုတ်ပါဘူး။ သူ့မှာရှိတဲ့ Margo လေးနဲ့ပတ်သတ်တဲ့ ခံစားချက်တွေက အရမ်းလေးနက်လွန်းတာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ထပ်ပြီး တစ်လလောက်အကြာ ဒီရက်ပိုင်းလေးအတွင်းမှာတော့ Yuri ရဲ့ ဇနီးဖြစ်သူ sex doll လေး Margo ဟာ ကျိုးပဲ့ ပျက်စီးသွားပြီလို့ သိရပါတယ်။

Photo credit - yuri tolochko instagram
Photo credit - yuri tolochko instagram
Photo credit - yuri tolochko instagram
Photo credit - yuri tolochko instagram

ဒါပေမယ့် Yuri ဟာ Margo ဘာကြောင့် ပျက်စီးသွားရတာလဲဆိုတာကိုတော့ ထုတ်ဖော်မပြောကြားပေမယ့် သူ့မကို အခြားမြို့တစ်ခုမှာ အခုပြန်လည်ပြုပြင်နေပါတယ် ၊ တကယ်လို့သူမသာ ပြန်ကောင်းလာမယ်ဆိုရင်တော့ ဒါဟာ ငါတို့နှစ်ယောက်လုံးအတွက် ကံကောင်းမှုတစ်ခုပါလို့ ပြောကြားထားပါတယ်။

Yuri ဟာ သူ့ရဲ့ မိန်းမဖြစ်သူ Margo လေးနဲ့အတူ နေ့စဉ်ဘဝကို ဘယ်လိုဖြစ်သန်းသလဲဆိုတာကတော့ ပရိသတ်တွေ ယခုမြင်တွေ့နေရတဲ့ ပုံတွေထဲက အတိုင်းပါပဲ။

သူတို့နှစ်ယောက်ရဲ့ ရှေ့ဆက်ရမယ့် ခရီးလမ်းက ဒီမှာပဲ ပီးသွားမလား ဒါမှမဟုတ် Margo လေးအကောင်းအတိုင်းပြန်ဖြစ်လာပြီး ရှေ့ဆက်ခွင့်ရမလားဆိုတာကတော့ သေချာမပြောနိုင်သေးပါဘူး။

Photo credit - yuri tolochko instagram
Photo credit - yuri tolochko instagram
Photo credit - yuri tolochko instagram
Photo credit - yuri tolochko instagram
Photo credit - yuri tolochko instagram
Photo credit - yuri tolochko instagram
Photo credit - yuri tolochko instagram
Photo credit - yuri tolochko instagram

သတင်း အရင်းအမြစ်Daily Star

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T