ကိုယ်သိပ်ချစ်ရတဲ့ချစ်သူကို တခြားသူတစ်ယောက်ဆ ီပါမသွားစေချင်တဲ့ဆန္ဒဟာ အချစ်ကြီးတဲ့ အမျိုးသားတိုင်းမှာရှိတတ်ပါတယ်။ ကိုယ့်ချစ်သူကိုယ့်ဘေးမှာအမြဲရှိနေဖို့နည်းမျိုးစုံသုံးုပီး ကြိုးစားကောင်းကြိုးစားပါလိမ့်မယ်။ ဒါပေမယ့်ဒီအမျိုးသားကတော့ သူ့ချစ်သူကို ရယ်ရအခက်ငိုရအခက်ပုံစံနဲ့ သူ့ဘေးမှာအမြဲရှိနေအောင်လုပ်ခဲ့တာပါ။ 

You Pan လို့ခေါ်တဲ့အမျိုးသားဟာ Yan Paiနဲ့ချစ်သူဖြစ်ပြီးနောက်ပိုင်း ဒီလိုလုပ်ခဲ့တာပါ။ ချစ်ဖို့ကောင်းပြီး လှပတဲ့ Yan Pai ဟာ You Pan နဲ့ချစ်သူတွေဖြစ်တုန်းက ပေါင်ချိန် ၅ဝကီလိုသာရှိပြီး Yan Paiဟာ သူ့ချစ်သူကို တစ်နေ့ငါးကြိမ်ထမင်းစားစေခဲ့ပြီး တစ်နှစ်အတွင်း ၄ဝကီလိုတက်စေခဲ့ပြီး ၉ဝကီလိုထိ၀ိတ်တက်အောင်လုပ်ခဲ့ပါတယ်။

You Pan လိုချင်တဲ့ ဖက်တီးမလေး ဖြစ်ပြီးသွားတဲ့အချိန်မှာတော့ သူဟာ Yan Paiကို Yan Paiရဲ့ အကြိုက်ဆုံးစားသောက်ဆိုင်ရှေ့မှာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာ ချစ်သူကို ရွှန်းရွှန်းစားစားကြည့်နေတဲ့ You Panကို တွေ့ရမှာပါ။ သူဟာ ဒီကောင်မလေးကိုချစ်ခဲ့ပြီး သူ့အနားမှာပဲထားချင်ခဲ့တဲ့ သူ့လုပ်ရပ်ဟာ ရယ်ရမှာလား၊ ဒေါသထွက်ရမှာလားဆိုတာ မသိနိုင်တော့ပါဘူး။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။