ထိုင်ဝမ်နိုင်ငံက Carina Linn အမည်ရတဲ့ နာ့စ်မလေး(သူနာပြုမလေး) တစ်ဦးကတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဆက်စီကျတဲ့ ပို့စ်တွေကြောင့် နိုင်ငံတော်တော်များများက လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ရေပန်းစားလျက်ရှိပါတယ်။ဒီသူနာပြုမလေးဟာ မော်ဒယ်လည်းမဟုတ်သလို အနုပညာရှင် အသိုင်းအဝိုင်းထဲကလည်း မဟုတ်ပါဘူး။ သူမဟာ ဒီအတိုင်းချောမောလှပတဲ့ သူနာပြုမလေးတစ်ဦးပါပဲ။



Carina Linn လို့ခေါ်တဲ့ ဒီသူနာပြုမလေးဟာ သူ့ရဲ့လူမှုကွန်ယက်အကောင့်တွေပေးမှာ ဓာတ်ပုံလေးတွေတင်ရာကနေ လူအများစိတ်ဝင်စားမှုကို ရရှိလာတာပါ။ မြင်တွေ့သူတိုင်းငေးရလောက်တဲ့ ရုပ်ရည်လေးကိုပိုင်ဆိုင်ထားတဲ့ ဒီသူနာပြုမလေးဟာ ခန္ဓာကိုယ်လေးကလည်း လှပလှပသလို ဝတ်စားဆင်ယင်ပုံတွေကလည်း ဆွဲဆောင်မှုရှိလှတာကြောင့် ယောကျာ်းလေးတွေကြားမှာ တော်တော်လေး ရေပန်းစားသူတစ်ယောက်ပဲဖြစ်ပါတယ်။



Linn ဟာနာမည်ကြီးလာတာနဲ့ အမျှ သဘောကြနှစ်သက်သူလည်း ရှိခဲ့သလို မနာလို ဝေဖန်တဲ့သူတွေလည်း ရှိခဲ့ပါတယ်။သူမကို ဝေဖန်လာတဲ့သူတွေကိုတော့ “ကျွန်မက အနုပညာရှင်မဟုတ်တဲ့ သာမန်မိန်းကလေးတစ်ဦးပါပဲ။ ဓာတ်ပုံဆရာမလည်းမဟူတ်သလို မော်ဒယ်လည်းမဟုတ်ပါဘူး ။ နာမည်ကြီးချင်လို့ ဓာတ်ပုံတွေရိုက်တင်နေတာလည်းမဟုတ်ပါဘူး” လို့ပြောခဲ့ပါတယ်။Linn ဟာ သာမန်မိန်းကလေးတစ်ဦးဖြစ်တဲ့အတွက် သူများတွေလို ပျော်ပျော်နေမယ် ၊ ကိုယ့်ဘဝကို နှစ်သက်တယ် လို့ပြောလည်း ပြောခဲ့သလို သူ့ရဲ့လက်ရှိဘဝကို အကောင်းမွန်ဆုံး ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ Linn ရဲ့ပုံလေးတွေတွေ့ပြီး ပရိသတ်တွေရော ကြွေသွားကြပီလား..............





သတင်းအရင်းမြစ်: Starsunfolded
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။