ကမ္ဘာကျော်မင်းသားကြီး ရှာရွတ်ခန်းရဲ့သားလေး Aryan Khan ရဲ့စိတ်ဝင်စားစရာအကြောင်းများ

//s9.kh1.co/a7/a75310ec854bdda57dcb3d1e5258d2d84e03f610.jpg
နိုင်ငံတကာသတင်းများ

 ၃၀-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာကျော်ဘောလိဝုဒ်စတား ရှာရွတ်ခန်းရဲ့ သားအကြီးဆုံး Aryan Khan ကိုတော့ ပရိသတ်တွေသိကောင်းသိကြမယ်လို့ ထင်ပါတယ်။ Aryan Khan ဟာ ဖခင်လောက် အနုပညာအလုပ်တွေ အရမ်းမလုပ်သေးပေမယ့်လည်း ဆယ်ကျော်သက် မိန်းကလေးတွေကြားမှာ တော်တော်လေးနာမည်ကြီး လူကြိုက်များတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ဒါ့ကြောင့် ပရိသတ်တွေအတွက် Aryan Khan ရဲ့ biography လေးကို ဖော်ပြပေးချင်ပါတယ်။

photo from google
photo from google
photo from google
photo from google

သူ့ရဲ့နာမည်ရင်းကလည်း Aryan Khanပဲဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှာ 13.11.1997 မှာမွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ သူရဲ့ အရပ်ကတော့ ငါးပေးရှစ်လက်မရှိပြီး လက်ရှိမှာ Aryan Khan ဟာ အသက် ၂၃ နှစ်ပြည့်တော့မှာပဲဖြစ်ပါတယ်။ မွေးချင်းမောင်နှမအနေနဲ့ကတော့ Suhana Khanလို့ခေါ်တဲ့ ညီမတစ်ယောက်နဲ့ Abram Khan လို့ခေါ်တဲ့ ညီတစ်ယောက်ရှိပါတယ်။Aryan Khan ဟာ London Sevenoaks School မှာတက်ရောက်ခဲ့သူတစ်ယောက်ဖြစ်ပြီး Southern California က University မှာ ဘွဲ့ရရှိခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

photo from google
photo from google
photo from google
photo from google
photo from google
photo from google

အနုပညာလှုပ်ရှားမှူအနေနဲ့ ၂၀၀၁ခုနှစ်မှာ Kabhi Khushi Kabhie Gham နဲ့ ၂၀၀၆ခုနှစ်မှာ Kabhi Alvida Naa Kehna အမည်ရ ရုပ်ရှင်နှစ်ကားမှာ ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Hum Hain Lajawaab အမည်ရ animation ရုပ်ရှင်ကားမှာ အကောင်းဆုံးအသံသရုပ်ဆောင်အနေနဲ့ ဆုရရှိခဲ့ဖူးပါတယ်။

တိုက်ကွမ်ဒိုကစားရတာလည်း ဝါသနာပါတဲ့ Aryan ဟာ ၂၀၁ဝခုနှစ်က Maharashtra Taekwondo competition မှာ ၂ ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။ ဒါ့အပြင် Martial Arts မှာ ခါးပတ်နက်အဆင့်ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကတော့ Aryan Khan ရဲ့အကြောင်းကို သိသလောက်လေး ဖော်ပြပေးထားတာဖြစ်ပြီး ဖခင်နည်းတူ ရုပ်ရည်လေးက အရမ်းခန့်ပြီး ကြွေချင်စရာကောင်းတဲ့ Aryan Khan ကိုပရိသတ်တွေရော သဘောကြနှစ်သက်ကြရဲ့လား။

photo from google
photo from google
photo from google
photo from google
photo from google
photo from google
photo from google
photo from google

သတင်း အရင်းအမြစ်wikibio

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T