မြန်မာပြည်က မိန်းကလေးအများစုကြား နာမည်ကြီးပြီး သူမရဲ့ ဘဝအတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးတတ်သူကတော့ နာမည်ကြီး မော်ဒယ်လ် သန္တလှိုင်ပဲဖြစ်ပါတယ်။ ကလေးနှစ်ယောက်မိခင် single mom ဘဝကို ကြံ့ကြံ့ခံဖြတ်သန်းနေတဲ့ သူမဟာ မိန်းကလေးတွေကြား အတုယူစရာလည်းဖြစ်ပါတယ်။

သူမကတော့ မကြာခင်မှာ သူမရဲ့ချစ်သူနဲ့ လက်ထပ်တော့မယ်ဆိုပြီး popular ဂျာနယ်သို့ ယခုလိုပြောကြားခဲ့ပါတယ်။

''အစ်မအနေနဲ့ ကိုယ်လိုချင်တဲ့ မိသားစုဘဝလေး ရတာတော့ ကြာပါပြီ။ ၂နှစ်လောက် ရှိပြီ။ ဒါပေမယ့် အသက်လည်းရလာပြီ။ အရင်တုန်းက စိုးရိမ်ပူပန်ခဲ့တဲ့ မလုံခြုံမှုတွေလည်း အခုအချိန်မှာ မခံစားရတော့ဘူး။ ဒါ့အပြင် အမျိုးသမီး ငယ်လေးတွေက ကိုယ့်ကိုယ်အလေးထားပြီးတော့ အတုခိုးနေတဲ့ စံပြအမျိုးသမီး တစ်ယောက် အနေနဲ့ တစ်လင်တစ်မယားစနစ်ကိုလည်း ယုံကြည်တဲ့မိန်းမတစ်ယောက်အနေနဲ့ တရားဝင်လက်ထပ်ပြီး အိမ်ထောင်ပြုတာကို အားပေးတဲ့အနေနဲ့ ဒီ သီတင်းကျွတ်ကျရင် ကိုယ့်ဘဝလက်တွဲဖော်အဖြစ် သတ်မှတ်ထားတဲ့ အစ်မရဲ့ ချစ်သူနဲ့ပဲ လက်ထပ်မှာပါ။ 

အစ်မဆိုရင် ဆယ်ကျော်သက်လဲ မဟုတ်တော့ဘူး။ ဘဝမှာ အတွေ့အကြုံတွေလည်း အများကြီး ရှိခဲ့ဖူးပြီ။ ကိုယ်လိုချင်တဲ့ အရာတွေအများကြီးကိုလည်း အောင်မြင်အောင် လုပ်နိုင်ခဲ့ဖူးတဲ့ မိန်းမတစ်ယောက်အနေနဲ့ နောက်ထပ ်ထပ်ပြီးတော့ ဆွတ်ခူးမယ့် အိမ်မက်တွေဆိုတာလည်း တော် ရုံတန်ရုံ လူနဲ့လည်းမတူတော့ပါဘူး။ ရည်​မှန်​းချက်​ တွေအများကြီး ရှိတဲ့ မိန်​းမ တစ်ယောက်အနေနဲ့ အားကိုးရလောက်တဲ့ အစ်မလိုမျိုး တော်ရုံတန်ရုံယောကျာ််းကို အထင်မကြီးတတ်တဲ့ မိန်​းမ ကိုတောင်မှ မိသားစုဘဝနဲ့လိုက်ပြီး စိတ်လုံခြုံမှုပေးနိုင်တဲ့ အရည်​အချင်​း ရှိတဲ့ စိတ်ဓာတ်ရော အားကိုးရတဲ့ယောကျာ်း တစ်ယောက်ကို လက်ထပ်တာဆိုတော့ ဒီတစ်ခါ တော့ အမှားမရှိဘူး ထင်တာပဲ'' လို့ သူမကဆိုပါတယ်။

Source: Popular Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။