အိမ်ထောင်ကျသွားပြီဖြစ်တဲ့ သရုပ်ဆောင်သင်ဇာနွယ်ဝင်းကတော့ အနုပညာအလုပ်တွေနားထားတာဖြစ်ပြီး လက်တလောမှာတော့ ကိုယ်ဝန်လွယ်ထားရတဲ့ မိခင်လောင်းလေးဖြစ်နေပါပြီ။

ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့တဲ့ မင်းသမီးချောသင်ဇာနွယ်ဝင်းဟာ ပရိသတ်အခိုင်အမာအားပေးမှုတွေရခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

ယနေ့မှာတော့ ခင်ပွန်းဖြစ်သူရဲ့ ကိုယ်ပိုင်စားသောက်ဆိုင်လေးဖြစ်တဲ့

The Loft House ဆိုင်လေးမှာ တစ်နှစ်ပြည့် ၀ါဆိုသင်္ကန်းကပ်ကုသိုလ်ယူခဲ့တယ်လို့ ဆိုပါတယ်။

ခင်ပွန်းရဲ့အလိုလိုက်အချစ်ခံနေရတဲ့ သင်ဇာနွယ်ဝင်းကတော့ အရင်ကထက်ပိုလှပြီး လူကြီးဆန်တဲ့ ပုံလေးဖြစ်လာပါတယ်။

သူမရဲ့ ဖေ့ဘုတ်မှာတော့ Loft House မိသားစုနဲ့အတူ ၀ါဆိုသင်္ကန်းကပ် ကုသိုလ်ယူခဲ့ပုံရိပ်တွေကို မျှဝေထားပါတယ်။  

သတင်းအရင်းမြစ် Thinzar nwewin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။