အနုပညာလောကရဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်သလို ပရိသတ်အချစ်တော် မင်းသားတစ်လက်လည်းဖြစ်တဲ့ ဟိန်းဝေယံတို့ မိသားစုကတော့ ယနေ့ ဝါဆိုသင်္ကန်းကပ်လှူခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ယက်မှ တဆင့်သိရပါတယ်။ အလှူကိုတော့ မိသားစုနဲ့အတူ နေအိမ်မှာပဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ လူမှုကွန်ယက်မှာတော့ ပရိသတ်တွေလည်းအတူ သာဓုခေါ်နိုင်အောင် ယခုလိုရေးသားတင်ထားတာ တွေ့ရပါတယ်။
"၁၆.၇.၂၀၁၇
သံဃာတော်(၅)ပါးအား ဝါဆိုသင်္ကန်း ဆွမ်းနှင့် နဝကမ္မ
ဝတ္ထုငွေ ဆပ်ကပ် လှူဒါန်းဖြစ် ပါတယ်..
အားလုံးလည်း ကျွန်တော်တို့နှင့်ထပ်တူ ကြည်နူးဝမ်းမြောက်
ကြ၍ သာဓု ခေါ်ဆို နိုင်ရန် ရည်ရွယ်ပါသည်.."
လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေပြုလုပ်နေပြီး "Psycho Mom" ဆိုတဲ့ ဇာတ်ကားကို စိုးပြည့်သဇင်နဲ့အတူ ရိုက်ကူးနေတယ်လို့ သိရပါတယ်။
Source: Heinn Wai Yan
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။