မြင့်မြတ်ကို ရာဇဝင်ရိုင်းသူများဇာတ်ကားနဲ ့အကယ်ဒမီရစေချင်တယ်ဆိုတဲ့ ပြေတီဦး

ပရိသတ်ကြီးရေ ထိပ်တန်းမင်းသားနှစ်လက်ပါဝင်မယ့် ရာဇဝင်ရိုင်းသူများရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ပုံဖေါ်ခဲ့တဲ့ ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်များအဖြစ် ပြေတီဦး၊ မြင့်မြတ်၊ ပတ်ထရစ်ရှာ နဲ ့လိုင်လာခမ်းတို ့ပါဝင်ကြပါတယ်။ 

ဒီဇာတ်ကားအကြောင်းနဲ ့ပတ်သက်ပြီး ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) က အခုလိုပြောထားတာကိုတွေ ့ရပါတယ်။

“လူတွေကဘဝမှာ ကိုယ်ထင်တာ ကိုယ်ကြိုက်သလို ဖြစ်မလာတဲ့အခါ ၊ ကိုယ်စီမံသလို ဖြစ်မလာတဲ့အခါ ရာဇဝင်ရိုင်းကြတယ်လို့ သုံးနှုန်းကြတယ်။

ကိုယ်စီမံတဲ့အတိုင်း ဖြစ်လာတာ ဘဝမဟုတ်ပါဘူး။ အဲ့လိုပဲ လူ့ဘဝထဲက ထင်တိုင်းမဖြစ်တဲ့ ၊ မဖြစ်သင့်မဖြစ်ထိုက်တဲ့ အရာတွေအားလုံး ဘယ်လိုစိတ်အခြေအနေကြောင့်ဖြစ်တယ်ဆိုတာကို ဒီဇာတ်ကားထဲမှာ ရိုက်ပြထားပါတယ်” လို ့ဆိုပါတယ်။

ဒီဇာတ်ကားထဲမှာတော့ ကျရာဇာတ်ရုပ်တွေမှာ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီဆု ၄ ဆုအထိဆွတ်ခူးထားနိုင်သူ

သရုပ်ဆောင် ပြေတီဦးနဲ ့ ပရိသတ်တွေက သဘာဝမင်းသားလို ့တင်စားကြတဲ့ သရုပ်ဆောင်မြင့်မြတ်တို ့ဟာအတူတွဲဖက်ပြီး သရုပ်ဆောင်ခဲ့ကြပါတယ်။

မြင့်မြတ်ဟာ ပရိသတ်တွေ အကယ်ဒမီမှန်းခဲ့တဲ့ ဇာတ်ကားတွေမှာ အကယ်ဒမီနဲ ့လွဲချော်ခဲ့တဲ့အတွက် ဒီဇာတ်ကားနဲ ့အကယ်ဒမီဆုကို ဆွတ်ခူးစေချင်တဲ့အပေါ်မှာ ပြေတီဦးက Myanmar Celebrities ရဲ ့အင်တာဗျူးမှာ အခုလိုပဲ ပြောပြခဲ့ပါတယ်။

" ဒီဇာတ်ကားထဲမှာ အစ်ကိုက မြင့်မိုရ်နေရာကနေ သရုပ်ဆောင်ရတယ်။ မြင့်မြတ်နဲ့ ရန်ငြိုးရှိတဲ့ သူတစ်ယောက်ပေါ့။ 

ဇာတ်လမ်းကလည်း အရင်ကတည်းကကောင်းထားပြီးသား ဇာတ်လမ်းဆိုတော့ အစ်ကိုတို့တွေ ဦးမျိူးနဲ့ တိုင်ပင်ပြီးတော့ သေချာလုပ်ထားတယ်။ 

အစ်ကို ကိုယ်တိုင်လည်းအားရတဲ့ ဇာတ်ကားတစ်ကားပါ။ 

ဒီဇာတ်ကားက မြင့်မြတ်အတွက်အဓိကပေါ့နော်။ သူ့ကို အကယ်ဒမီ ရစေချင်တယ်။ 

သူကလည်း သရုပ်ဆောင်ပိုင်း နဲ့ ပတ်သတ်ပြီးတော့တကယ်ကောင်းတဲ့ အနုပညာရှင်တစ်ယောက်။ 

ရှေ့မှာလည်း လွဲခဲ့ရတာတွေရှိတာကြောင့် ဒါနဲ့တော့ သူ့ကို ရစေချင်တယ်" လို ့ပြေတီဦးက ပြောပြသွားခဲ့တာပါ။ 

လက်ရှိမှာ ဟာသဇာတ်ကားတွေ ဝင်ငွေကောင်းနေချိန်မှာ ဒရာမာဇာတ်ကားရုံတင်တဲ့အတွက် ပရိသတ်အားပေးမှုအပေါ်မှာ စိုးရိမ်မှုမရှိတာကိုလည်း အခုလို ဆက်လက်ပြောပြပါတယ်။ 

ဒရာမာလည်း ဒရာမာအလျှောက် ဟာသလည်း ဟာသအလျှောက် ပရိသတ်ရှိပြီး အဓိကက ဇာတ်လမ်းကောင်းဖို ့ပဲ လိုကြောင်းနဲ ့ဒီဇာတ်ကားလေးမှာ ပါဝင်ကြတဲ့ သရုပ်ဆောင်အားလုံးဟာ သေချာကြိုးစားထားကြတဲ့အတွက်ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်ဆိုတာ

အာမခံနိုင်ကြောင်း ပြေတီဦးက ပြောပြသွားခဲ့ပါတယ်။ 

သရုပ်ဆောင်ပြေတီဦးဟာ ဇာတ်ဆောင်အကယ်ဒမီဆု ၄ ဆုကို ၂၀၁၀၊ ၂၀၁၂၊ ၂၀၁၃ 

နဲ ့၂၀၁၄ခုနှစ်တွေမှာ ဆွတ်ခူးရရှိခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

သတင်းအရင်းမြစ် Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။