ခွေးလှေးယားသီး နှစ်မျိုးရှိပါသည်။ ခွေးလှေးယားသီးအရိုင်း၏ အမွှေးသည် ယားပြီး အယဉ်ပင်သည် ဆေးဘက်ဝင်ပါသည်။ အယဉ်သည် ပဲမျိုးနွယ်ပင်ဖြစ်၍ စားသုံးပါက အန္တရယ် မရှိပါ။ ကျန်းမာရေးအတွက် အကျိုးပြုသော ခွေးလှေးယားသီး အယဉ်သီး (အနက်စေ့) သည် ဆေးဘက်ဝင် အပင်မျိုး ဖြစ်ပါသည်။ ခွေးလှေးယားသီး (အနက်စေ့) ကိုစားလျှင် လေဖြတ်၊ သွေးတိုး၊ ဆီးချို စသည့် အထွေထွေရောဂါများ ပျောက်သကဲ့သို့ ခွေးလှေးယားသီးအမြစ်သည်လည်း ဆေးဖက်ဝင်ပြီး ရောဂါပျောက်ကင်းစေပါသည်။ 

ခွေးလှေးယားသီး (အနက်စေ့) ကို စားသုံးခြင်းဖြင့် လေဖြတ်မှုကို ကာကွယ်ပေးသည်။ လေဖြတ်နေလျှင်လည်း သက်သာ ပျောက်ကင်းစေပါသည်။ သွေးတိုး၊ ဆီးချို ကျစေပြီး အနာများအတွက် အသားနုတက်တာ မြန်စေပါသည်။ အဆစ်အမြစ်နာတာ သက်သာစေပြီး အာရုံကြောများ အားကောင်းစေပါသည်။

ခွေးလှေးယားသီး (အနက်စေ့)ကို ပုံမှန် စားသုံးပေးခြင်းဖြင့် ကိုယ်ငွေ့အားကောင်းပြီး အအေးဒဏ် ခံနိုင်ပါသည်။ အိပ်ပျော်စားဝင်ပြီး ဆီးကို ရွှင်စေပါသည်။ အိပ်ရာထလျှင် ခေါင်းကြည်စေပြီး အညောင်းအညာများ ပြေစေပါသည်။ အစာအိမ်ရောဂါရှိသူများလည်း သက်သာပျောက်ကင်းစေပါသည်။

ခွေးလှေးယားသီး (အနက်စေ့) ကို အမှုန့်ပြုလုုပ်ပြီး ပျားရည်၊ ထောပတ်နှင့်ရော၍ စားသုံးပါက ပန်းနာရင်ကြပ် ပျောက်ကင်းစေပါသည်။ ခွေးလှေးယားသီး (အနက်စေ့) ၏ အပင် အမြစ်သည်လည်း ရေဖျဉ်း၊ လေရောဂါ၊ ဆင်ခြေထောက်၊ ငန်းဖျား၊ သွေးဝမ်း၊ လက်မောင်းသိမ်ခြင်းနှင့် မိခင် နို့ရည်မထွက်ခြင်း စသည်တို့ကို လွန်စွာ အထောက်အပ့ံပေးပါသည်။ 

ယနေ့ခေတ်တွင် ခွေးလှေးယားသီး (အနက်စေ့) ကို ကျန်းမာရေးအထောက်အကူ အဖြစ် စားသုံး ရောင်းချနေကြပြီ ဖြစ်သည်။ ထို့ကြောင့် ခွေးလှေးယားသီး (အနက်စေ့) သည် ကျန်းမာရေးအတွက်ပါမက စီးပွားရေး အတွက်ပါ အထောက်အကူပြုနေပြီ ဖြစ်ပါသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။