တရိစ္ဆာန်လေးတွေဟာ လူတွေလောက် အသိဉာဏ်မရှိဘူးဆိုပေမယ့်လည်း အသက် အန္တရာယ်နဲ့ ကြုံတွေ့ရတဲ့အခြေအနေမှာတော့ လူသားတွေနည်းတူ အသက်ဘေးကနေလွတ်မြောက်ဖို့ အားကုန်ကြိုးစားတတ်ကြပါတယ်။လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်လည်း ရေခဲနေတဲ့ မြစ်ထဲကနေ လွတ်မြောက်ဖို့ အားကုန်သုံးပြီး ကြိုးစားနေတဲ့ သမင်လေးတစ်ကောင်ရဲ့ ဗီဒီယိုဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ဒီဗီဒီယိုထဲက သမင်လေးဟာ လွတ်မြောက်ဖို့ကြိုးစားနေပေမယ့်လည်း ချောနေတဲ့ ရေခဲပြင်ကြောင့် သူ့ရဲ့ကြိုးစားမှုတွေက အရာမထင်ခဲ့ပါဘူး။


ဒီအဖြစ်အပျက်ကိုမြင်တွေ့ခဲ့တဲ့ Bransen Jackson လို့ခေါ်တဲ့အမျိုးသားကတော့ စိတ်နှလုံးလှစွာနဲ့ပဲ သမင်လေးကို သွားရောက်ကယ်တင်ခဲ့ပါတယ်။၎င်းအမျိုးသားဟာ သမင်လေးကို ဝမ်းဗိုက်ကနေ ပွေ့ချီကာ သယ်ဆောင်ကယ်ဆယ်ခဲ့ပြီး ကမ်းစပ်နားမှာ ချပေးခဲ့ပါတယ်။ သမင်လေးဟာ ရေခဲပြင်ပေါ်မှာ အချိန်အကြာကြီးနေနေရတာကြောင့် ခြေထောက်တွေလက်တွေထောက်ဖို့တောင် အခက်တွေ့နေပေမယ့် ယိုင်တိယိုင်တိုင်နဲ့ပဲ အဝေးကိုပြေးထွက်သွားခဲ့ပါတယ်။


အကယ်၍ဒီအမျိုးသားဟာ သမင်လေးကို မမြင်တွေ့ပဲ ကယ်တင်ခွင့်မရဘူးဆိုရင် ဒီသမင်လေးဟာ အသက်ရှင်ဖို့ အကောင်းဆုံးကြိုးစားနေပေမယ့်လည်း ၎င်းနေရာမှာပဲ သေပွဲဝင်သွားရနိုင်ပါတယ်။
ဒီအမျိုးသားရဲ့ နှလုံးသားလှတဲ့စိတ်လေးနဲ့ သမင်းလေးရဲ့ သေကံမရောက်သေးလို့ ကယ်တင်သူတွေခဲ့တဲ့ ဖြစ်ရပ်လေးကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုလေးကိုလည်း ပရိသတ်တွေအတွက် တစ်ပါတည်းဖော်ပြပေးလိုက်ပါတယ်။


သတင်းအရင်းမြစ်: Daily Mail
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။