လူပေါင်း ၉၃ ယောက်ကို လည်ပင်းညှစ်သတ်ပြီး သူပို့ခဲ့တဲ့ မရဏခရီးကို ကိုယ်တိုင်ပါလိုက်သွားခဲ့ရပြီဖြစ်တဲ့ အမျိုးသား

//s9.kh1.co/6c/6c562c52a71e2115925c15a7021530003e8cdb98.jpg
နိုင်ငံတကာသတင်းများ

 ၀၅-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဆန်မြူရယ် လစ်တယ် (Samuel Little) လို့ ခေါ်တဲ့အမျိုးသားကတော့ အမေရိကန်သမိုင်းမှာ နာမည်ကြီးလှတဲ့ လူသတ်သမားတစ်ဦးပဲဖြစ်ပါတယ်။သူဟာ လူပေါင်း ၉၃ ယောက်ကို လည်ပင်းညှစ်သတ်ခဲ့တာကြောင့် နာမည်ကြားတာနဲ့ ထိတ်လန့်စရာကောင်းလှသူတစ်ဦးပဲဖြစ်ပါတယ်။ သူသတ်ခဲ့တဲ့သူတွေထဲက အများဆုံးကတော့ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။

photo from google
photo from google

ဒီအမျိုးသားဟာ ဖမ်းဆီးခံရပြီးနောက်မှာတော့ ၁၉၇၀ ကနေ ၂၀၀၅ ခုနှစ်အထိ ၃၅ နှစ်အတွင်းမှာ လူပေါင်း ၉၃ ယောက်လုံးကို လည်ပင်းညှစ်သတ်ခဲ့သူပဲဖြစ်ပါတယ်။ဒ့ါကြောင် ဒီအမျိုးသားဟာဖမ်းမီစဉ်ကာလထဲက ခံဝန်ကတိနဲ့ လွတ်ပေးခံရတာမျိုးတွေမရှိပဲ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံနေရတာပဲဖြစ်ပါတယ်။

photo from google
photo from google

ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာတော့ လစ်တယ်ဟာ ကယ်လီဖိုးနီးယားကဆေးရုံတစ်ခုမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။သူဟာ သေဆုံးသွားချိန်မှာတော့ အသက် ၈၀ အရွယ်ရှိနေပါပြီ။

လစ်တယ်ရဲ့ သေဆုံးမှုဟာ သူသတ်ခဲ့တဲ့သူတွေရဲ့ အချို့သောမိသားစုဝင်တွေအတွက်တော့ စိတ်ပြေစရာကိစ္စတစ်ခု ဖြစ်ကောင်းဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် အချို့သောသူတွေအတွက်တော့ မိသားစုဝင်တွေအသတ်ခံရတုန်းကရခဲ့တဲ့ ပူဆွေးသောကကို မဖြောက်ဖျက်ပေးနိုင်ပါဘူး။

photo from google
photo from google

သတင်း အရင်းအမြစ်cbsnews

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T