ဂါလာတာစာ​ရေးအသင်​းဟာ ဆီဗီလားအသင်​းရဲ့​နောက်​ခံကစားသမားဖြစ်​တဲ့ မာရီယာနိုကို ​ယူရို ၄.၅ သန်​းနဲ့ သုံးနှစ်​စာချူပ်​ ချူပ်​ဆိုပြီး​ခေါ်ယူနိုင်​ခဲ့ပြီဖြစ်​ပါတယ်​

အသက်​ ၃၁ နှစ်​အရွယ်​ရှိပြီဖြစ်​တဲ့ မာရီယာနိုဟာ ဆီဗီလာအသင်​းကို ၂၀၁၅ ခုနှစ်​ထဲက​ရောက်​ရှိ​နေခဲ့ပြီး အသင်​းအတွက်​ ၂ နှစ်​ကစား​ပေးခဲ့တာလည်​းဖြစ်​ပါတယ်​။

မာရီယာနိုဟာ ပြီးခဲ့တဲ့ရာသီက ဆီဗီလားအသင်​းအတွက်​ ၃၁ ပွဲ ကစားခွင်​့ရရှိခဲ့ပြီး ၂ ဂိုးဖန်​တီး​ပေးနိုင်​ခဲ့ပါတယ်​။မာရီယာနိုက "ကျွန်​​တော်​့ကို ဂါလာတာစာ​ရေးအသင်​းက ​ခေါ်ယူဖို့ ကမ်​းလှမ်​းလာခဲ့ပါတယ်​။ကျွန်​​တော်​ ဒီအသင်​းကို ​ပြောင်​းဖို့နှစ်​ခါ​တောင်​ စဉ်​းစားစရာမလိုခဲ့ပါဘူး "လို့​ပြောခဲ့ပါတယ်​။

Source-Goal.Com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။