အေစီမီလန်​အသင်​းရဲ့​နောက်​ခံကစားသမား ဒီစီဂလီယို ကို ဂျူဗင်​တပ်​အသင်​းက ​ယူရို ၁၂ သန်​းနဲ့ ​ခေါ်ယူဖို့ သ​ဘောတူညီမှုရရှိခဲ့ပြီလို့ သတင်​းများကဆိုပါတယ်​။

အသက်​ ၂၄ နှစ်​သာရှိ​သေးတဲ့ ဒီစီဂလီယို ဟာ ပြီးခဲ့တဲ့ရာသီက ​အေစီမီလန်​အသင်​းအတွက်​ ​ခြေစွမ်း​ကောင်​းပြသနိုင်​ခဲ့တဲ့ကစားသမားတစ်​​ယောက်​လည်​းဖြစ်​ပါတယ်​။​ဂျူဗင်​တပ်​အသင်​းဟာ သူတို့ရဲ့ကစားသမား ဒန်​နီရယ်​ အဲဗက်​ ထွက်​သွားခဲ့တာ​ကြောင်​့ ဒီစီဂလီယို ကို အစားထိုး ​ခေါ်ယူလို​နေတာလည်​းဖြစ်​ပါတယ်​။

ဒီစီဂလီယို ဟာပြီးခဲ့တဲ့ရာသီက ​အေစီမီလန်​အသင်​းအတွက်​ ၂၅ ပွဲ ကစားခွင်​့ရရှိခဲ့ပြီး ၂ ဂိုးဖန်​တီး​ပေးနိုင်​ခဲ့ပါတယ်​။

Source-Goal.Com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။