Toronto ကမြန်မာဘုန်းတော်ကြီးကျောင်းမှာ နဝကမ အလှူလေးပြုလုပ်ဖြစ်ခဲ့တဲ့ Rဇာနည်တို ့မိသားစု

နိုင်ငံကျော်တေးသံရှင် Rဇာနည်တို ့မိသားစုဟာ ကနေဒါနိုင်ငံကို ဖျော်ဖြေရေးအတွက် ရောက်ရှိနေစဉ်မှာ မွန်မြတ်တဲ့အလှူဒါနတွေကို ပြုလုပ်ဖြစ်ခဲ့ပါတယ်။

ဂီတခရီးလမ်းကိုကြိုးစားမှုတွေနဲ ့လျှောက်လှမ်းလာခဲ့တဲ့ အဆိုတော် Rဇာနည်ဟာ အခုဆိုရင် အားပေးချစ်ခင်သူအမာခံပရိသတ်များစွာရှိနေပြီဖြစ်သလို ချစ်ဇနီးချောလေး ဝမ်း၊ သားငယ်လေး ဖစ်ဖစ်တုန်တို ့နဲ ့အတူ ကြည်နူးအားကျဖွယ်မိသားစုလေးကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

Rဇာနည်တို ့မိသားစုဟာ အလှူအတန်းကို မကြာခဏဆိုသလို ပြုလုပ်ဖြစ်တာကို တွေ ့ရပြီး ဇူလိုင် ၇ ရက်နေ ့ကလည်း Vancouver က ဘုန်းတော်ကြီးကျောင်းအတွက်လည်း နဝကမ အလှူပြုလုပ်ခဲ့ပါသေးတယ်။

ပရိသတ်ရင်ထဲကို အရောက်ပို ့ပေးနိုင်ခဲ့တဲ့ အောင်မြင်တဲ့ သီချင်းများစွာရဲ ့အဆိုရှင်ဖြစ်သူ Rဇာနည်တို ့မိသားစုဟာ အခုလိုမျိုးဖျော်ဖြေရေးအတွက် ကနေဒါကို ရောက်ရှိနေစဉ်မှာ Toronto ကမြန်မာဘုန်းတော်ကြီးကျောင်းမှာ နဝကမ အလှူလေးကို ထပ်မံ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးကလည်း ဝမ်းမြောက်စွာနဲ ့သာဓုခေါ်ဆိုနို်င်စေဖို ့အတွက် Rဇာနည်တို ့မိသားစုရဲ ့အလှူဒါနပုံရိပ်လေးတွေကို ဖေါ်ပြပေးလိုက်ပါတယ်နော်.. 

သတင်းအရင်းမြစ် Zarnimyo Nyunt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။