ဒီဖြစ်ရပ်ကတော့ Springville , UT က နေအိမ်တစ်ခုမှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ ဖြစ်ပွားခဲ့ပုံကတော့ Mike Lopez လို့ခေါ်တဲ့ အသက် ၂၃ နှစ်အရွယ်အမျိုးသားဟာ သူ့ရဲ့မိခင်ဖြစ်သူအသက် ၄၃ နှစ်အရွယ် Victoria Ramirez ကို သေနတ်နဲ့ပစ်သတ်ခဲ့တာပဲဖြစ်ပါတယ်။
Lopez ဟာ အမေဖြစ်သူနဲ့ သူ့ရဲ့ ၁၄ နှစ်နဲ့ ၁၇ နှစ်အရွယ် ညီမနှစ်ယောက်တို့ မီးဖိုခန်းထဲမှာရှိနေစဉ် အမေဖြစ်သူကို သေနတ်နဲ့ဝင်ပစ်ပြီး သတ်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Lopez ဟာ သူ့ရဲ့ ၁၄ နှစ်အရွယ်ညီမလေးကို ဆွဲကိုင်ပြီး သေဆုံးနေတဲ့ မိခင်ဖြစ်သူရဲ့ အလောင်းဘေးနားမှာ ကဖို့ပါလုပ်ခဲ့တယ်လို့သိရပါတယ်။၁၇ နှစ်အရွယ်ညီမတစ်ယောက်ကတော့ ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးပြီး ရဲတွေကိုသွားရောက်တိုင်ကြားရာကနေ Lopez ကိုဖမ်းမိခဲ့တာပဲဖြစ်ပါတယ်။
ရဲတွေရဲ့ သတင်းထုတ်ပြန်ချက်အရတော့ Lopez ဟာ ဆေးခြောက်အများကြီးသုံးစွဲထားပြီး သူ့ရဲ့အခြေအနေက ပုံမှန်မဟုတ်သလို တစ်စုံတစ်ယောက်က သူ့ရဲ့အမေကို သတ်ဖို့ပြောနေသလို ထင်ယောင်ထင်မှားဖြစ်ပြီး ပစ်သတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။အမေဖြစ်သူ Ramirez ဟာ သူမမသေဆုံးခင်မှာ “နင်ငါ့ကိုသတ်တော့မယ်ဆိုတာငါသိတယ် ၊ ဒါပေမယ့် ငါနင့်ကိုချစ်တယ် “ လို့သားဖြစ်သူ Lopez ကိုပြောသွားခဲ့သေးကြောင်းလည်း သိရပါတယ်။အပြစ်တွေများစွာထဲကမှ မိဘကိုပြန်သတ်မိတဲ့ အပြစ်ဟာ ဘယ်လောက်တောင်ကြီးလိုက်မလဲနော် ပရိသတ်ကြီး။
သတင်း အရင်းအမြစ်៖ Daily Mail