ရုရှားနိုင်ငံမှာ အိမ်ရှင်အဖြစ်ကျင်းခဲ့တဲ့ ၂၀၁၈ခုနှစ် FIFA ကမ္ဘာ့ဖလားဘောလုံးပွဲကြီးကတော့ တစ်ကမ္ဘာ့ လုံးက ဘောလုံးဝါသနာအိုးတွေ စိတ်ဝင်စားမှုအများဆုံး ဘောလုံးပြိုင်ပွဲကြီး တစ်ပွဲဖြစ်ခဲ့သလို နောက်ထပ် ပရိ သတ်တွေကြားမှာအရမ်းကို ဟော့ဖြစ်နေတဲ့ အရာလေးတစ်ခုလည်း ရှိခဲ့ပါသေးတယ်။အဲ့ဒီအရာလေးက တော့ ကမ္ဘာ့ဖလားဘောလုံးပွဲလာရောက်အားပေးတဲ့ သောင်းချီသောပရိသတ်တွေထဲကမှ ရွှေဝါရောင်ဆံကေ သာပိုင်ရှင် ရုရှားသူလေးတစ်ဦးကတော့ တစ်ကမ္ဘာ့လုံးက ပရိသတ်တွေအားလုံးရဲ့ ကြားမှာ အရမ်းကို ရေပန်း သွားခဲ့ပြီး ပရိသတ်တွေရဲ့ နှလုံးသားတွေကိုဖမ်းစားသွားတဲ့ နတ်မိမယ်လေး တစ်ပါးပဲ ဖြစ်ခဲ့ပါတယ်။


သူမကတော့ ဘယ်ဘုံက နတ်သတ်ကြွေလာသလဲလို့ မေးယူရလောက်တဲ့ အထိစွဲမက်စရာကောင် လောက် အောင်လှလွန်းနေတာဖြစ်ပြီး ရုရှားLuzhniki ဘောလုံးကွင်းရဲ့ ပွဲကြည့်စင်ပေါ်က ရုရှားရိုးရာခေါင်း ဆောင်းကို ဆင်မြန်းထားတဲ့ သူမရဲ့ အလှပုံရိပ်လေးတွေဟာလည်း ပရိသတ်တွေကြားရေပန်းစားခဲ့သလို ရုရှားနိုင်ငံပိုင် သတင်းဌာနတွေမှာဖော်ပြရလောက်တဲ့ အထိ နာမည်ကျော်ကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။သို့သော်လည်း အားလုံးထင်မှတ်မထားတဲ့ သူမရဲ့ နောက်ကြောင်းရာဇဝင်လေးကြောင့် တကယ့် ပရိသတ်တွေ အားလုံးနီးပါး ပါးစပ်အဟောင်းသားဖြစ်သွားစေခဲ့ပါတယ်။


အကြောင်းကတော့ သူမဟာ လုံးဝထင်ရက်စရာမရှိလောက်အောင် လှလွန်းနေပေမယ့် လက်တွေ့ဘဝမှာတော့ အပြာမယ်တစ်ဦးဖြစ်နေတာပဲ ဖြစ်ပါတယ်။ Natalya Nemchinova လို့အမည်ရတဲ့ သူမဟာ ရုရှား အပြာဇာတ်ကားလောကမှာ နာမည်ကျော်တဲ့ အပြာမင်းသမီးတစ်ဦးဖြစ်ပြီး Natali Nemtchinova, Natalia Andreeva, Delilah G, Danica, Amanda, Asya, Annabell အစရှိတဲ့ အပြာဇာတ်ကား များစွာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ Natalya ဟာအဲ့အချိန်ကစပြီး အရင်ကထက်ပိုလူသိများကျော်ကြားလာခဲ့သလို သူမကိုအားပေးတဲ့ပရိသတ်တွေလည်း အများကြီးတိုးပွားသွားခဲ့ပါတယ်။သူမဟာ အပြာမယ်လေးတစ်ယောက်ဖြစ်နေပေမယ့်လည်း သူမရဲ့အလှကို ကြိုက်နှစ်သက်လို့ အားပေးကြတဲ့သူတွေ လက်ရှိအချိန်မှာ အများကြီးမှ အများကြီးပါပဲ။


သတင်းအရင်းမြစ်: thesun
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။