စပီကာပိပြီး အမျိုးသမီးတစ်ယောက်သေဆုံး

လွန်ခဲ့တဲ့ရက်ပိုင်းက တောင်အာဖရိက

မောင်တ့်ဇီယွန်ချာတ်ချ် (Mount Zion Church) မှာ သင်းအုပ်ဆရာ ပာာ ဝတ်ပြုရန်ကြွရောက်လာသောလူစုလူဝေးထဲမှ အမျိုးသမီးတစ်ယောက်ကို ခေါ်ယူပြီး စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။

သင်းအုပ်ဆရာပာာ ဘုရားသခင် ရေပေါ်တွင်လမ်းလျှောက်သလို ထိုနည်းလည်းကောင်း ထိုအမျိုးသမီးကို ပက်လက်လဲခိုင်းပြီး စပီကာ အကြီးကြီးကို သူမ၏ခန္ဓာကိုယ်ပေါ် တင်ခဲ့ပါတယ်။နာကျင်ခြင်းကို ဘုရားသခင်က ကာကွယ်ပေးမည် မကြောက်ရန်ပြောကြားခဲ့ပါတယ်။ထို့အပြင် သူမ ခန္ဓာကိုယ်ပေါ်တင်ထားတဲ့ စပီကာ ပေါ်ကို ထိုသင်းအုပ်ဆရာက သူကိုယ်တိုင် ငါးမိနစ် တိတိ တပ်ထိုင်လိုက်ပါတယ်။ပြီးနောက် စပီကာ ကိုသူမ၏ ခန္ဓာကိုယ်ပေါ်မှ ဖယ်လိုက်ချိန်တွင် သူမက သတိမေ့သွားရာ ဆေးရုံရောက်ချိန်တွင် နံရိုးကျိုးပြီး အတွင်းလူနာအနေနဲ့ သွေးထွက်လွန် သေဆုံးသွားကြောင်းသိရသည်။

ထိုအခါ သင်းအုပ်ဆရာက ၎င်းကဲ့သို့ သေဆုံးသည့်ဖြစ်စဉ်မှာ သေဆုံးသွားသည့်သူသည် ဘုရားသခင်ကို ယုံကြည်မှုနည်းပါးလွန်းကြောင့်ဖြစ်သည် ပာုတုံ့ပြန်ခဲ့သည်။၎င်းကဲ့သို့ အယူဝါဒ များကို ယခုချိန်ထိ ရှိနေသည်ပာု ကြားသိရမှာ စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။