တောတောင်အတွင်းစွန့်ပစ်ခံလိုက်ရတဲ့ကလေးငယ်ကိုပုရွက်ဆိတ်တွေကစားသောက်နေပုံကအွန်လိုင်းလူမှုကွန်ရက်စာမျက်နှာမှာအတော်လေးဟော့နေပါတယ်။ဖြစ်ပျက်ခဲ့တဲ့နေရာကရှရှားနိုင်ငံကသစ်တောတစ်ခုအတွင်းဖြစ်ပြီးပုရွက်ဆိတ်ထောင်ပေါင်းများစွာကအဆိုပါစွန့်ပစ်ခံကလေးငယ်ကိုညှာတာမှုမရှိဘဲစားသောက်နေကြတာပါ။

ဒီပြသနာဖြစ်ပွာ;ရပုံကအရွယ်မတိုင်ခင်ကလေးမွေးခြင်း၊အတူနေအဆင့်မှသည်မလိုခြင်တဲ့ကလေးငယ်ကိုရယူမိခြင်းအပါအဝင်လူမှုရေးကိစ္စတွေကစတည်ဖြစ်တည်လာတာပါ။မလိုခြင်တဲ့ကလေးငယ်မွေးပြီးနောက်ပိုင်းစွန့်ပစ်ရာမှာလူသူအပေါက်နည်းလှတဲ့တောတောင်အတွင်းစွန့်ပစ်လေ့ရှိပါတယ်။အဆိုပါစွန့်ပစ်မှုကတောကောင်သားရဲတွေရန်အပါအဝင်ရာသီဥတုနဲ့အင်းဆက်ပိုးမွှားရန်ကြောင့်နောက်ဆုံးကလေးငယ်သေကြေပျက်စီးဖို့ရည်ရွယ်တာပါ။

ရုရှားနိုင်ငံမှာအခုလိုဖြစ်ပျက်ခဲ့ပုံနဲ့ပတ်သက်ပြီးတော့ရဲတပ်ဖွဲ့က“ကလေးငယ်က၃ရက်ပဲရှိပါသေးတယ်။ကံကောင်းတဲ့အချက်ကတောတောင်အတွင်းကလေးငိုသံကြားလို့လမ်းသွားခရီးသည်တစ်ယောက်ကရှာဖွေကြည့်ရာကနေအခုလိုပုရွက်ဆိတ်ကိုက်နေတဲ့ကလေးငယ်ကိုအခုလိုတွေ့ရတာပါ။ပုရွက်ဆိတ်တွေဖယ်ရှားပြီးချိန်မှာတောင်အကိုက်ခံခဲ့ရတဲ့ဒဏ်ရာတွေများစွာနဲ့မို့လို့ဆေးရုံပို့ထားပါတယ်”လို့ဆိုထားပါတယ်။အော်မိဘ…မိဘ..မလိုချင်ရင် အစကတည်းကဂရုစိုက်သင့်တာပေါ့လေ…အခုတော့ ဘာမှမသိသေးတဲ့ ကလေးဘဝက…..

Aung 

သတင်းအရင်းမြစ် ADFG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။