အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ချယ်ဆီး၏ နည်းပြကွန်တီအနေဖြင့် ခေါ်ယူရန်ပစ်မှတ်ထားနေသော အဲဗာတန်တိုက်စစ်မှူး လူကာကူကို မန်ချက်စတာယူနိုင်တက်ခေါ်သွားခဲ့၍ တိုရီနိုအသင်း၏တိုက်စစ်မှူးဘယ်လော့တီကို ခေါ်ယူရန်ရှိနေသည်ဟု သိရှိရသည်။

အီတလီစီးရီအေကလပ် တိုရိနိအသင်း၏တိုက်စစ်မှူးဘယ်လော့တီအနေနဲ့ တိုရီနိုအသင်း၏ ဂျာစီအသစ်မိတ်ဆက်ပွဲတွင်လည်း မပါဝင်ခဲ့သောကြောင့် ချယ်ဆီးနဲ့သတင်းများကျယ်လှောင်လျက်ရှိသည်။ 

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ချယ်ဆီး၏ နည်းပြကွန်တီအနေဖြင့် တိုရီနိုအသင်း၏တိုက်စစ်မှူးဘယ်လော့တီကို လူကာကူအစားခေါ်ယူရန်ရှိနေပြီး ဘယ်လော့တီကို ခေါ်ယူပါက စာချုပ်ပါဖျက်သိမ်းကြေး ပေါင်၈၈သန်းထိပေးချေရဖွယ်ရှိနေသည်။

Hein 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။