မြန်မာပြည်ရဲ့ တခေတ်တခါက နာမည်ကြီး ဒိတ်ဒိတ်ကြဲမင်းသား စိုးသူကတော့ ပရိသတ်တွေကြား အမြဲရေပန်းစားလှပါတယ်။ ငယ်ငယ်ကတော့ သူ့ရဲ့ ရုပ်ရည် အနုပညာကြောင့် နာမည်ကြီးသလို ယခုအချိန်မှာတော့ သူတို့ရဲ့ အိမ်ထောင်ရေးကိစ္စဟာ ပရိသတ်တွေကြား စိတ်ဝင်စားစရာကောင်းလှပါတယ်။

အမေရိကားမှာ နေထိုင်တဲ့ ဇနီးဟောင်း မခငယ်နဲ့ လူမှုကွန်ယက်ပေါ်မှာ တိုင်းသိပြည်သိ ပြသနာတွေဖြစ်ခဲ့ကြတာ အားလုံးလည်း သိပြီးဖြစ်မှာပါ။ မင်းသားစိုးသူကလည်း မြန်မာပြည်မှာ ဒါဒါနဲ့ အတိအလင်းတွဲနေတာ ပရိသတ်ကြီး မျက်မြင်ပါ။ ဒီပြဿနာတွေ အေးနေပြီထင်ရပေမယ့် ယခုတခါ မခငယ်ဘက်က ဒီလိုဆိုလိုက်ပါပြီ ပရိသတ်ကြီးရေ....

"ကျမ မကြာခင်မြန်မာပြည်ကို ပြန်လာမှာမို့ ကျမ ပြောခဲ့တဲ့ ဗီဒီယိုတွေဟာ လုပ်ကြံပြောဆိုခဲ့တယ် ဆိုလျှင် ကိုစိုးသူ ဘက်ကတရားဥပဒေ အရ လိုသလုပ်ပါ...

ဒါနဲ့အဲဂျာနယ် က ကိုစိုးသူရဲ့ အခုသတင်းရေးသူရဲ့ twist and turn လုပ်သလားလို့တောင်ထင်မြင်စရာဖြစ်လာတဲ့ ဆိုတဲ့ ရေးသားချက် ကို ကျမတို့ ကိစ္စပြီးရင် အဲဂျာနယ်တိုက်က ဘယ်လို ဖြေရှင်းပေးမလဲဆိုတာ ကြိုစဉ်းစားထားပေးပါလို့...." လို့ သူမရဲ့ လူမှုစာမျက်နှာမှ တဆင့် တရားဝင်ရေးသားတင်ထားတာ တွေ့ရပါတယ် ပရိသတ်ကြီးရေ....

Source: Kha Nge

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။