မနေ့က Posh Magazine ကနေပြီး နိုင်ငံခြားဒီဇိုင်နာတွေ တီထွင်ထားတဲ့ iPhone ထည့်တဲ့ ဘူး အခွံ နှင့် ပြုလုပ်ထားသော ဒေါ်လ ၁၉၀ တန် iPhone Bag ဆိုပြီး တင်ထားတာကိုတွေ့ရပါတယ်။ အိုင်ဒီယာကောင်း တဲ့ iPhone Bag ကို စိတ်ဝင်စားတဲ့ သူတွေရှိကြသော်လည်း ရွှေမှုန်ရတီရဲ့ ပရိသတ်အချို့ကတော့ ရွှေမှုန်ရတီ နှင့် တူတဲ့ သူမကို သတိထားမိခဲ့ကြပါတယ်။ သူမကတော့ New York မှာရှိတဲ့ ထိုင်ဝမ်ဒီဇိုင်နာ John Yuyi ဆိုတဲ့သူဘဲဖြစ်ပါတယ်။
သူမကတော့ Gucci Look ဆိုပြီး သူမရဲ့ instagram မှာ တင်ရာ ကနေစပြီး လူတချို့ကြားမှာ နာမည်ကြီး လာတာဖြစ်ပါတယ်။ ဒီဇိုင်နာဆိုသည့် အတိုင်း အမြဲတမ်း ဖက်ရှင်ကျစွာ ဝတ်ဆင်တတ်တဲ့ သူမရဲ့ ဝတ်စား ဆင်ယင်မှု သူမတင်တဲ့ ဓာတ်ပုံတွေ သူမရဲ့ talents တွေကြောင့် ယခုဆိုရင် တော်တော်အောင်မြင်တဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်နေပြီလို့ပြောလို့ရပါတယ်။
သူတို့ နှစ်ယောက် မျက်နှာကို အသေအချာ ကြည့်လျှင် တူတယ်လို့ပြော၍ မရသော်လည်း သူမတို့ နှစ်ယောက် မျက်နှာ ပုံ နှင့် မျက်နှာ အမူအရာကြောင့် ရုတ်တရက်ကြည့်လိုက်လျှင် တူနေတယ်ဆိုပြီးပြောကြပါတယ်။ သူမ နှင့် ယှဉ်ရင် ရွှေမှုန်ရတီကတော့ ပိုပြီးရုပ်ချောတယ်ဆိုတာ ပြောစရာ မလိုဘူးထင်တယ်နော်....
Source : POSH MAGAZINE MYANMAR
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။