မတရားသဖြင့် လျှပ်စစ်ကုလားထိုင်ပေါ်မှာ သေဒဏ်ပေးခံရတဲ့ကလေးတစ်ယောက်ရဲ့ ဖြစ်ရပ်

//s9.kh1.co/a9/a9a88305568719746adce985a47f7a5df1919c9c.jpg
ဗဟုသုတအဖြာဖြာ

 ၁၁-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီဖြစ်ရပ်လေးကတော့ အမေရိကန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း 90 ကျော်လောက်က ဖြစ်ရပ်လေးတစ်ခုပဲဖြစ်ပါတယ်။ ဖြစ်ပွားပုံကတော့ 1929 ခုနှစ်မှာ မွေးတဲ့ George Junius Stinney Jr ဆိုတဲ့ လူမည်းကောင်လေးဟာ လူဖြူကောင်မလေးတွေဖြစ်တဲ့ အသက် 11 နှစ်အရွယ် Betty June Binnicker ဆိုတဲ့ကောင်မလေးနဲ့ အသက် 9 နှစ်အရွယ် Mary Emma Thames တို့ကို သတ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။

photo from google
photo from google
photo from google
photo from google

၎င်းကလေးမလေးနှစ်ယောက်ရဲ့ အလောင်းကို George ရဲ့အိမ်နားမှာတွေ့ခဲ့တာဆိုပေမယ့် ဒီလူသတ်မှုကို လူကြီးတွေကို စွပ်စွဲလို့ရပေမယ့် အသက် ၁၄ နှစ်အရွယ် လူမမယ်ကလေးငယ်လေး George ကိုပဲ လူသတ်တရားခံအဖြစ် စွပ်စွဲခဲ့ကြပါတယ်။ အဲ့အချိန်တုန်းကဆိုရင်လည်း အမေရိကန်မှာ လူဖြူ လူမဲ အရမ်းခွဲခြားတဲ့အချိန်ဖြစ်တာကြောင့် လူမဲ ဖြစ်တဲ့ George လေးဟာ လူသတ်မှုနဲ့ ရုံးတင်ခံခဲ့ရပါတယ်။ နောက်ထပ်ကံဆိုးမှုတစ်ခုကတော့ George ရုံးတင်ခံရတဲ့ ခုံရုံးက တရားသူကြီးသူတွေကအားလုံးကလည်း လူဖြူတွေဖြစ်နေခဲ့တာဖြစ်သလို မိဘတွေကိုလည်း ခြိမ်းခြောက်အကြပ်ကိုင်ထားပြီး George လေးကိုလည်း ထောင်ထဲမှာ 81 ရက်လောက်ချုပ်ထားခဲ့ကြပါတယ်။

photo from google
photo from google
photo from google
photo from google

အဲ့ဒီနောက်မှာတော့ George လေးကိုလူသတ်မှုထင်ရှားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရက်ရက်စက်စက် သေဒဏ်ချမှတ်ခဲ့ပါတယ်။ အသက် 14 နှစ်အရွယ် လူမမယ်ကလေးငယ်လေး George လေးဟာ လျှပ်စစ်ကုလားထိုင်ပေါ်မှာ ဗို့အား 5000 ကျော်လောက်ရှိတဲ့ လျှုပ်စစ်ဓာတ်တွေနဲ့ ခေါင်းကို ဖိအားပေးခံရပြီး အသက်သေဆုံးသွားခဲ့ရပါတယ်။George လေးဟာ လူသတ်မှုနဲ့ စွပ်စွဲခံရတဲ့အချိန်ကနေ အသက်သေဆုံးသွားတဲ့အချိန်ထိ ဘာမှပြောခွင့်မရခဲ့သလို ဘာမှလဲလုပ်ခွင့်မရခဲ့ပါဘူး။ George လေးသေဆုံးပြီး နှစ်ပေါင်း 70 လောက်ကြာတော့မှသာ သူ့မှာအပြစ်မရှိဘူးဆိုတာ တောင်ပိုင်း ကယ်ရိုလိုင်းနားမှာရှိတဲ့ တရားရုံးတစ်ရုံးက သက်သေပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ အရမ်းကိုနောက်ကြသွားခဲ့ပါပြီ ။ လူမည်းတစ်ယောက်အဖြစ်နဲ့ မွေးဖွားလာတဲ့ George လေးရဲ့ ကံဆိုးမှုကို ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

photo from google
photo from google
photo from google
photo from google

သတင်း အရင်းအမြစ်wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T