လူငယ်တွေအကြိုက်ရက်ပ် သီချင်းတွေသီဆိုတဲ့ အဆိုတော် Y zet တစ်ယောက်

တစ်ကိုယ်တော် တေးစီးရီး “ဇ” ကို မန္တလေးမြို ့မှာ ဇွန်လ ၁ဝရက်က မိတ်ဆက်ခဲ့ပြီးနောက် ပရိသတ်တွေရှေ ့က အချိန်တော်တော်ကြာကြာ ပျောက်ကွယ်နေခဲ့ပါတယ်။

ရွှေထူးနဲ့ အခင်မင်ရဆုံး သူငယ်ချင်းတွေဖြစ်တဲ့ YZet ဟာ ပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော်ဖြစ်ပါတယ်

ဒီလိုပျောက်ချက်သားကောင်းရခြင်းနဲ့ပက်သက်ပြီး အဆိုတော် Y Zet က “ကျွန်တော်မန္တလေးပွဲလည်းပြီးသွားရော ပြင်ဦးလွင်အိမ်မပြန်တာလည်းကြာပြီလေ။ပွဲကိုလည်း မန္တလေးက အစ်ကိုတွေဘာတွေလာကြတော့ အဲ့ဒါနဲ့မန္တလေးမှာနေဖြစ်တယ်။ပြီးတော့ နောက်ကျောအာရုံကြောညပ်တဲ့ရောဂါဖြစ်နေတာပေါ့နော်။အစက အခွေအတွက်လုံးပန်းနေရတော့ မကုဖြစ်ဘူး။အစ်ကိုက တိုင်းရင်းဆေးသမားဆိုတော့ အပ်စိုက်ပြီးကုပေးတာ အဲ့ဒါလည်းလုပ်ဖြစ်တယ်။အခုကောင်းသွားပါပြီ။ရန်ကုန်ပြန်ရောက်တော့လည်း ကျွန်တော်ဂီတနဲ့သက်ဆိုင်တဲ့ သင်တန်းတွေပြန်တက်ဖို့လုပ်တယ်။Facebook လည်းသိပ်မသုံးဖြစ်ဘူးပေါ့နော်။ဒါကြောင့် ပရိသတ်တွေက ပျောက်နေတယ်ထင်ကြတာပါ” လို့ Myanmar People Magazine ကို ပြောပြခဲ့ပါတယ်။

သတင်းအရင်းမြစ် Myan people mag

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။