စွဲမက်စရာကောင်းတဲ့ အပြုံးတွေ နဲ့ ရိုက်ကွင်းတစ်ခုအပြီး ရိုက်ထားတဲ့ ပုံတွေကို ချပြလာတဲ့ ဝိုင်းလေး

//s9.kh1.co/d4/d496e9e9508ff3f0033dc0de9a0d2cf44699080d.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခေါက်မှာတော့ မော်ဒယ်လ်လောက ကနေ ဂီတလောကကို ခြေစုံပစ် ဝင်ရောက်လာတဲ့ ပရိသတ်တွေ ရဲ့ အချစ်တော် ဝိုင်းလေးပဲဖြစ်ပါတယ်။ တေးသီချင်းတွေကို အသံချိုချိုသာသာအေးအေး လေးနဲ့ သီဆိုပြီး ပရိသတ်တွေ ရဲ့ ရင်ထဲကို ရောက်ရှိခဲ့တဲ့ ဝိုင်းလေးကတော့ ယခု အချိန်တွေမှာ သီချင်းတွေကို တီထွင်ဖန်တီး နေပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတာ ပဲဖြစ်ပါတယ်။ မော်ဒယ်လ်လောကမှာတုန်းကလည်း နိုင်ငံ ဂုဏ်ဆောင်တစ်ဦးဖြစ်ခဲ့ သလို လက်ရှိ ဂီတလောက မှာလည်း နိုင်ငံရဲ့ ကိုယ်စားပြု အနေနဲ့ သီချင်းတွေကို သီဆိုနေရပြီ ပဲဖြစ်ပါတယ်။

Photo Crd - Wyne Lay Facebook Page
Photo Crd - Wyne Lay Facebook Page
Photo Crd - Wyne Lay Facebook Page
Photo Crd - Wyne Lay Facebook Page

ခန္ဓာကိုယ်ကလည်း ကျစ်လစ်သွယ်လျပြီး မျက်နှာ အမူအရာလေးကလည်း ကြည်လင်ဝင်းပ နေတာ ကြောင့် ပုရိသတွေက သည်းသည်းလှုပ်ချစ်တာ ကို ခံနေရတာ ပဲဖြစ်ပါတယ်။ သူမရဲ့ သီချင်းတွေ ကလည်း လူငယ်ပရိသတ်တွေ အကြားရေပန်းစား အောင်မြင်နေတာပဲဖြစ်ပါတယ်။ဝိုင်းလေးဟာ လတ်တလော မှာလည်း ပွဲတွေတက်ပြီး ဖျော်ဖြေကာ ပရိသတ်တွေ နဲ့ အဆက်အသွယ်မပျက်ရှိနေတာ ပဲဖြစ်ပါတယ်။ ယခုချိန်မှာ တော့ ဝိုင်းလေးဟာ သီချင်းတွေ ဖန်တီးနေပြီး မကြာမကြာမှာ မြန်မာ ဆန်ဆန်ရိုးရိုးယဉ်ယဉ်လေးတွေ ဝတ်ဆင်ကာ ပရိသတ်တွေကိုချပြလေ့ရှိပါသေးတယ်။

Photo Crd - Wyne Lay Facebook Page
Photo Crd - Wyne Lay Facebook Page
Photo Crd - Wyne Lay Facebook Page
Photo Crd - Wyne Lay Facebook Page

ယခုအခါမှာတော့ မြန်မာဆန်ဆန်ရိုးရိုးယဉ်ယဉ်လေး ဝတ်ပြီး ရိုက်ထားတဲ့ ပုံလေးတွေကိုချပြလာတာ ပဲဖြစ်ပါတယ်။ ရိုက်ကွင်းတစ်ခုအပြီး ရိုက်ထားတဲ့ ပုံလေးတွေကို “ဝိုင်းလေး ပါ ပရိတ်သတ်တွေက ချစ်စနိုးနဲ့ ဝလုံးလေး လို့လည်းခေါ်ကြတယ်” ဆိုတဲ့ ခေါင်းစဉ်လေးတပ်ပြီး ဖော်ပြလာတာ ကို ပရိသတ်ကြီး တို့ အတွက်ပြန်လည် မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်။ ဒီပုံလေးတွေ ထဲမှာ ဝိုင်းလေးတစ်ယောက် ဟန်ဆောင်မှု ကင်းတဲ့ အပြုံးတွေနဲ့ မျက်နှာလေးက လည်း ကြည်လင်ဝင်းပနေပြီး အရမ်းကို ချစ်ဖို့ကောင်းနေတာ ပဲဖြစ်ပါတယ်။ ပရိသတ်ကြီး တို့ကလည်း ဝိုင်းလေးဆက်လျှောက်မယ့် အနုပညာလမ်းကို ဆက်လက် အားပေး ဝန်းရံ လိုက်ကြပါဦးနော်…။

Photo Crd - Wyne Lay Facebook Page
Photo Crd - Wyne Lay Facebook Page
Photo Crd - Wyne Lay Facebook Page
Photo Crd - Wyne Lay Facebook Page
Photo Crd - Wyne Lay Facebook Page
Photo Crd - Wyne Lay Facebook Page

သတင်း အရင်းအမြစ်Wyne Lay Facebook Page

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T