သာထက်ဉာဏ်ဇော်နဲ့အတူ နှစ်ယောက်သားကြည်ကြည်နူးနူးလေးနဲ့ အသည်းယားဖို့ကောင်းနေတဲ့ပုံလေးတွေကို မျှဝေပေးလာတဲ့ ဝေလာရီ

//s9.kh1.co/15/1505ed38aa317c931902ea302a53ddbd8f61cd81.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ......တက်သစ်စအနုပညာရှင်လေးဖြစ်ပေမယ့် ကြိုးစားအားထုတ်မှုတွေကြောင့် ပရိသတ်ရင်ထဲနေရာတစ်နေရာရရှိထားတဲ့သူလေးကတော့ ဝေလာရီပဲဖြစ်ပါတယ်နော်....။ သူဟာ အဆိုတော်လိမ္မော်သီးရဲ့ ညီမလေးလည်းဖြစ်ပြီးတော့ မွန်တိုင်းရင်းသူလေးတစ်ယောက်လည်း ဖြစ်ပြီးချစ်စရာအပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေကိုဖမ်းစားထားနိုင်တဲ့သူလေးလည်းဖြစ်ပါတယ်.....။

Photo credit-​ Wai Lar Ri's Facebook acc
Photo credit-​ Wai Lar Ri's Facebook acc
Photo credit-​ Wai Lar Ri's Facebook acc
Photo credit-​ Wai Lar Ri's Facebook acc

ဝေလာရီဟာ နှင်းဆီဇာတ်လမ်းတွဲမှာလည်း မော်အနေနဲ့ အကောင်းဆုံးသရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုစတင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အခုလက်ရှိထုတ်လွှင့်ပြသပြီးသွားခဲ့တဲ့ မမှီဝဲနဲ့ကင်းအောင်နေ ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း ဆောင်းအနေနဲ့အကောင်းဆုံးသရုပ်ဆောင်ခဲ့တာဖြစ်ကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ထပ်မံရရှိခဲ့တာဖြစ်ပါတယ်နော်......။

Photo credit-​ Wai Lar Ri's Facebook acc
Photo credit-​ Wai Lar Ri's Facebook acc
Photo credit-​ Wai Lar Ri's Facebook acc
Photo credit-​ Wai Lar Ri's Facebook acc

မမှီဝဲနဲ့ကင်းအောင်နေဇာတ်လမ်းတွဲလေးဟာ မနေ့ညက ဇာတ်သိမ်းသွားခဲ့တာဖြစ်ပြီး ပညာပေးကားလေးလည်းဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုအတော််လေးရခဲ့တဲ့အပြင် ဒိုက်နဲ့ ဆောင်းအဖြစ်ပါ၀င်သရုပ်ဆောင်ခဲ့တဲ့ သာထက်ဉာဏ်ဇော်နဲ့ ဝေလာရီတို့ဟာလည်း လိုက်ဖက်မှုရှိပြီး အကောင်းဆုံးသရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ မကြာသေးမီကလည်း ဝေလာရီဟာ သူမရဲ့ Facebookစာမျက်နှာလေးမှာ "

အချစ်များစွာ အတွက် ... ဒိုက် ? ဆောင်း " ဆိုပြီးရေးသားကာ ပုံလေးတွေတင်ပေးလာခဲ့ပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Wai Lar Ri's Facebook acc
Photo credit-​ Wai Lar Ri's Facebook acc
Photo credit-​ Wai Lar Ri's Facebook acc
Photo credit-​ Wai Lar Ri's Facebook acc

သတင်း အရင်းအမြစ်Wai Lar Ri's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T