ရှုတင်မှာ အလှပြင်နေရင်း မိတ်ကပ်ဆရာနဲ့အပြိုင် ကိုယ်လုံးလေးလှုပ်ခါပြီး ကနေကြတဲ့ ဝိုင်းလေး ရဲ့ ချစ်စရာဗီဒီယို

//s9.kh1.co/8e/8e5de6bf15012bac30f563f40e7c53e30bae6cc8.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေနဲ့ တမူထူးခြားတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေး ဝိုင်းလေးကို သိကြမယ်ထင်ပါတယ်။ တစ်ကိုယ်တော် တေးသီချင်းများစွာထွက်ရှိပြီး လူငယ်တွေကြားမှာ ယနေ့တိုင်အောင် ရေပန်းစားလူကြိုက်များနေတဲ့ သီချင်းကောင်းတွေပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေအပြင် ပွဲတွေကိုလည်း တက်ရောက်နေတာ တွေ့ရပါတယ်။

Photo Credit- WyneLay fb page
Photo Credit- WyneLay fb page
Photo Credit- WyneLay fb page
Photo Credit- WyneLay fb page

ဝိုင်းလေးက ဝတ်စားဆင်ယဥ်မှုမှာလည်း သွယ်လျကျစ်လျစ်တဲ့ ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတာကြောင့် ဘယ်လိုဖက်ရှင်တွေပဲဖြစ်ဖြစ် လိုက်ဖက်အောင် ဝတ်ဆင်တတ်တာ တွေ့ရပါတယ်။ လတ်တလောမှာလည်း သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ချစ်တဲ့သူတွေအတွက် ဖော်ပြပေးပါတယ်။ ယခုမှာလည်း ပရိသတ်တွေ ချစ်အားပိုလောက်မယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit- WyneLay fb page
Photo Credit- WyneLay fb page
Photo Credit- WyneLay fb page
Photo Credit- WyneLay fb page

ဒီဗီဒီယိုလေးကတော့ Shooting မှာ အလှပြင်နေရင်း မိတ်ကပ်ဆရာနဲ့အပြိုင် မြူးကြွတဲ့ သီချင်းတွေနဲ့ ကနေကြတာကို ရိုက်ထားတာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း ဝိုင်းလေး က " ဝိုင်းလေး ရှုတင်မှာ တည်တည်ငြိမ်ငြိမ်ပဲဆို "ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ပရိသတ်ကြီးရေ ရှုတင်မှာ မိတ်ကပ်ပြင်ရင်း ခွီးနေရတဲ့ ဝိုင်းလေးရဲ့ ဗီဒီယိုလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ်VideoCredit & Source - WyneLay fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T