အပြင်ထွက်ပြီးစီးပွားရှာနေရပေမယ့်လည်း ချစ်ဇနီးနဲ့ကလေးတွေကို အရမ်းဂရုစိုက်ကာ အမြဲအချိန်ပေးတတ်တဲ့ သဉ္ဇာနွယ်ဝင်းရဲ့ခင်ပွန်း

//s9.kh1.co/fa/fae2c3dd0576ccc3dd7cb2f6bc394041e0d0287c.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

အပြင်ထွက်ပြီးစီးပွားရှာနေရပေမယ့်လည်း ချစ်ဇနီးနဲ့ကလေးတွေကို အရမ်းဂရုစိုက်ကာ အမြဲအချိန်ပေးတတ်တဲ့ သဉ္ဇာနွယ်ဝင်းရဲ့ခင်ပွန်း

ပရိသတ်ကြီးရေ သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းကတော့ အိမ်ထောင်ကျသွားပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေနဲ့ ကင်းကွာသွားခဲ့တာဖြစ်ပါတယ်။သဉ္ဇာနွယ်ဝင်းက ဇာတ်ကားတွေမရိုက်တော့ပေမယ့် ကြော်ငြာလေးတွေကိုတော့ အနည်းငယ်လက်ခံရိုက်ကူးနေတာပဲဖြစ်ပါတယ်နော်။သဉ္ဇာနွယ်ဝင်းက သားတစ်ယောက်၊သမီးတစ်ယောက်ကိုမွေးဖွားထားတဲ့ မိခင်ဖြစ်ပေမယ့် ပျိုမျစ်နုနယ်မှုတွေကမ‌လျော့သွားတာကြောင့် တစ်နေ့ထက်တစ်နေ့ ပိုပိုလှပနေတာပဲဖြစ်ပါတယ်။

Photo Credit:Thinzar Nwewin's Facebook Account

သဉ္ဇာနွယ်ဝင်းက ကလေးနှစ်ယောက်လုံးကို သူမကိုယ်တိုင်ပြုစုယုယပေးပြီး ဘေးနားမှာတစ်ချိန်လုံးနေပေးတာဖြစ်ပါတယ်။သဉ္ဇာနွယ်ဝင်းရဲ့အမျိုးသားကလည်း ချစ်ဇနီးနဲ့သားသမီးတွေကို တင့်တောင်းတင့်တယ်နေထိုင်နိုင်ဖို့အတွက် အပြင်ထွက်ပြီးစီးပွားရှာနေရပေမယ့်လည်း မိသားစုကိုတော့ အချိန်လုံလုံလောက်လောက်ပေးပါတယ်နော်။သဉ္ဇာနွယ်ဝင်းရဲ့မိသားစုဘဝလေးက သာယာအေးချမ်းပြီး ပျော်ရွှင်စရာတွေနဲ့သာပြည့်နှက်နေလို့ အရမ်းအားကျဖို့ကောင်းတဲ့မိသားစုလေးဖြစ်ပါတယ်။ 

Photo Credit:Thinzar Nwewin's Facebook Account
Photo Credit:Thinzar Nwewin's Facebook Account
Photo Credit:Thinzar Nwewin's Facebook Account
Photo Credit:Thinzar Nwewin's Facebook Account

သဉ္ဇာနွယ်ဝင်းရဲ့ချစ်ခင်ပွန်းကတော့ အားတဲ့အချိန်တိုင်းမှာ ကလေးနှစ်ယောက်လုံးကို ကူထိန်းပေးပြီး အတူတူဆော့ကစားပေးလေ့ရှိပါတယ်။အခုဆိုရင်လည်း သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံက ကလေးတွေနဲ့အတူ အိုးပုတ်လေးတွေနဲ့ဆော့ကစားပေးနေတာဖြစ်ပါတယ်။Peach လေးနဲ့ Tulipလေးကလည်း ဖေဖေ၊မေမေတို့နဲ့အတူ ပျော်ရွှင်စွာကစားနေပြီး သာယာလှပတဲ့မိသားစုအချိန်လေးတွေကိုကုန်ဆုံးနေတာဖြစ်ပါတယ်။သဉ္ဇာနွယ်ဝင်းကလည်း သူမတို့မိသားစုလေးရဲ့ပျော်ရွှင်စရာအချိန်လေးကို ဗီဒီယိုလေးရိုက်ပြီး မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Thinzar Nwewin's Facebook Account
Photo Credit:Thinzar Nwewin's Facebook Account
Photo Credit:Thinzar Nwewin's Facebook Account
Photo Credit:Thinzar Nwewin's Facebook Account
Photo Credit:Thinzar Nwewin's Facebook Account
Photo Credit:Thinzar Nwewin's Facebook Account

Photo Credit:Thinzar Nwewin's Facebook Account
Source&Video Credit:Thinzar Nwewin's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T