မောင်လေးရဲ့ ၁၈နှစ်ပြည့်မွေးနေ့လေးမှာ ခင်ဝင်ဝါကို အကူအညီတောင်းပြီး Surprise လုပ်ပေးခဲ့တဲ့ နန်းရွှေအေးရဲ့ ဗီဒီယို

//s9.kh1.co/9b/9bd99f2c721d4918b40f5cdac58888c5ef3c345e.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

အလှမယ် နန်းရွှေအေး (ဟန်လေး ) ကတော့ သူမရဲ့ တစ်ဦးတည်းသော မောင်လေးကို Surprise အကြီးကြီးလုပ်ပေးရင်း မွေးနေ့ကို ပျော်ရွှင်စွာ ဖြတ်သန်းစေခဲ့ပါတယ်။ အနုပညာလောကမှာ ဖြည်းဖြည်းမှန်မှန်လျှောက်လှမ်းလာရင်း နေရာတစ်ခုကို အခိုင်အမာစိုက်ထူထားနိုင်ခဲ့တဲ့ သူမကို ပရိသတ်တွေက အားပေးဝန်းရံကြပါတယ်။ လက်ရှိမှာလည်း ဟန်လေးက အနုပညာလှုပ်ရှားမှုအနေနဲ့ Photo shooting တွေကို ရိုက်ကူးနေတာပါ။ 

Photo credit - Nan Shwe Aye's Facebook Account
Photo credit - Nan Shwe Aye's Facebook Account
Photo credit - Nan Shwe Aye's Facebook Account
Photo credit - Nan Shwe Aye's Facebook Account

ဟန်လေးက သူမရဲ့လှုပ်ရှားမှုတိုင်းကို လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ ဝေမျှလေ့ရှိတာဖြစ်ပြီး ပရိသတ်တွေကလည်း စောင့်ကြည့်အားပေးနေကြတာပါ။ ယခုမှာတော့ ဟန်လေးက သူမရဲ့ မောင်လေး ၁၈နှစ်ပြည့်မွေးနေ့လေးမှာ သူဖြစ်ချင်တဲ့ ဆန္ဒလေးကို ဖြည့်ဆည်းပေးခဲ့တာပါ။ ဒါကတော့ သူအရမ်းကြိုက်နှစ်သက်တဲ့ ခင်ဝင့်ဝါကို အကောင့် အပ်ပေးခိုင်းတာပဲ ဖြစ်ပါတယ်။

Photo credit - Nan Shwe Aye's Facebook Account
Photo credit - Nan Shwe Aye's Facebook Account
Photo credit - H & T production
Photo credit - H & T production

မောင်လေးရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် သူငယ်ချင်း ခင်ဝင့်ဝါကို အကူအညီတောင်းခဲ့တာဖြစ်ပြီး သူမကလည်း ပြန်လည်လက်ခံခဲ့တာပါ။ မောင်လေးက သူဖြစ်ချင်တာလေး ဖြစ်ခွင့်ရလို့ ပျော်ရွှင်နေတဲ့ အဆိုပါ ဗီဒီယိုဖိုင်လေးကို ဟန်လေးက သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှု အချစ်ပိုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်..... ။

Photo credit - Nan Shwe Aye's Facebook Account
Photo credit - Nan Shwe Aye's Facebook Account
Photo credit - Nan Shwe Aye's Facebook Account
Photo credit - Nan Shwe Aye's Facebook Account

သတင်း အရင်းအမြစ် Source - Nan Shwe Aye's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T