(၁) El Colacho
El Colachoလို့ခေါ်တဲ့ ဒီပွဲတော်ဟာ စပိန်နိုင်ငံမှာ ကျင်းပတာ ဖြစ်ပြီး ကလေးတွေ အပေါ်ကနေ ခုန်ပျံကျော်လွှားရတာပဲ ဖြစ်ပါတယ်။ ဒီပွဲတော်မှာ အသက်တစ်နှစ်တိတိ ပြည့်တဲ့ ကလေးတွေကို လဲလျောင်းစေပြီး အရွယ်ရောက်ပီးသား လူငယ်တွေက ကလေးတွေ အပေါ်က နေ မထိမိအောင် ခုန်သွားရတာပဲ ဖြစ်ပါတယ်။ အန္တရာယ်အလွန်များတဲ့ ပွဲတော် တစ်ခု ဖြစ်တာကြောင့် ကျွမ်းကျင်တဲ့ သူတွေကိုသာ ကလေးတွေအပေါ်ကနေ ခုန်ကျော်ခွင့်ပေးထားပါတယ်။


(၂) Argungu Fishing Festival
Argungu Fishing Festival ပွဲတော်ကိုတော့ နိုင်ဂျီးရီးယားနိုင်ငံမှာ ကျင်းပတာ ဖြစ်ပြီး ထူးဆန်းလှတဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီပွဲတော်မှာဆိုရင် နိုင်ဂျီရီးယားတစ်နိုင်င်ငံလုံးမှာ ရှိတဲ့ အမျိုးသားတွေဟာ မြစ်တေါထဲမှာ ငါးဖမ်းကြရပြီး ငါးအကြီးဆုံးမိတဲ့ သူက အနိုင်ရရှိမှာပဲ ဖြစ်ပါတယ်။ ထူးခြားတာက ငါးမျှားတဲ့အခါ ငါးမျှားတံကို အသုံးမပြုရပဲ သူတို့ရဲ့ ရိုးရာ နည်း အတိုင်းပဲ ငါးဖမ်းရတာ ဖြစ်ပါတယ်။


(၃) Holi
အိန္ဒိယနိုင်ငံမှာ ကျင်းပကြတဲ့ ဒီပွဲတော်ကိုတော့ နွေဦးရာသီမှာ ကျင်းပလေ့ရှိကြပါတယ်။ ပွဲတော်ကို လာရောက် ဆင်နွှဲသူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အရောင်စုံပါဝင်တဲ့ ပေါင်ဒါမှုန့်တွေနဲ့ ပက်ကြတာပဲ ဖြစ်ပါတယ်။ ဒီပွဲတော်မှာ ပါဝင်ဆင်နွှဲချင်တယ်ဆိုရင် အကျီအဖြူရောင် လက်ရှည်ကို ဝတ်ဆင်ရမှာပဲဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ ကိုယ့်ရဲ့ နှစ်ဟောင်းက မကောင်းတဲ့ အညစ်အကြေးတွေကို အရောင်အစုံ ပေါင်ဒါမှုန့်တွေနဲ့ ဆေးကြောလိုက်တာလည်း ဖြစ်ပါတယ်။


သတင်းအရင်းမြစ်: List 25
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။