မြန်မာစကားလေးတွေ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး သီချင်းလေးတွေလုပ်နေတဲ့ ဂျာမနီနိုင်ငံသားလေး Mikis ဟာ မြန်မာနိုင်ငံသားတစ်ယောက်လိုပဲ နေထိုင်ကျင့်သုံးနေပြီး လူမှုကွန်ရက်မှာလည်း သူ့အကြောင်းလေးတွေက ရေပန်းစားနေတာပါ။

မကြာခင်အခွေထုတ်ဖို့ ပြင်ဆင်နေတဲ့ Mikis ဟာ အနုပညာအလုပ်တွေလည်း လုပ်နေသလို သူ့ကို သဲသဲလှုပ်ကြိုက်ကြတဲ့ မိန်းကလေးပရိသတ်တွေလည်း အခိုင်အမာရရှိထားပါတယ်။

လက်တလောမှာတော့ Mikis က အချစ်ရေးနဲ့ပတ်သက်ပြီး ချစ်သူမရှိသေးတဲ့အကြောင်း Moda မဂ္ဂဇင်းအင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

ဒါ့ပြင် ဗုဒ္ဓဘာသာဝင်တစ်ဦးလည်းဖြစ်တဲ့ Mikis တစ်ယောက် မြန်မာပြည်မှာ နေတာ တစ်နှစ်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံကို ကျေးဇူးတင်တဲ့အကြောင်းလည်း ဖွင့်ဟပြောပြခဲ့ပါတယ်။

"ကျွန်တော် မြန်မာနိုင်ငံကိုပြန်ရောက်တာ တစ်နှစ်ရှိပြီ။ ကျွန်တော်က ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်တယ်။ ကျွန်တော် ကံ ကံ၏အကျိုး၊ ဉာဏ် ဉာဏ်၏အကျိုးကိုယုံတယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတာယုံတယ်။ ဒီမှာနေရတာ ကျွန်တော့်အတွက် အရမ်းကံကောင်းတယ်။ အခက်အခဲ အများကြီးမရှိဘူး။ လူတိုင်းကလည်း အများကြီးကူညီပေးကြတယ်။ ကျွန်တော်ဒီမြန်မာနိုင်ငံအတွက် တစ်ခုခုပြန်ပေးချင်တယ်။ လှူချင်တယ်။ မြန်မာနိုင်ငံကို အရမ်းကျေးဇူးတင်တယ်။ ဒီကျေးဇူးတရားက အရမ်းအရေးကြီးတယ်။"

" ပြီးတော့ ကျွန်တော်ပြောချင်တာတစ်ခုရှိတယ်။ မူးယစ်ဆေးဝါးလုံးဝမသုံးစွဲကြပါနဲ့လို့။ မူးယစ်ဆေးဝါးက တကယ့်အဖျက်ကောင်ပါပဲ။ ပြီးတော့ မလုပ်ခင်တိုင်းမှာ အရာရာကို ကြိုတင်စဉ်းစားပါ။ သူများပြောတာတွေလည်း သိပ်မယုံပါနဲ့။ ကိုယ့်ကိုယ်ကိုယ် စဉ်းစားဆုံးဖြတ်ပြီးမှ ယုံပါ။ ကမာ႖မှာ အလှတရားတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ဗျာ သတင်းစာတွေကလည်း အဲဒီအလှတရားတွေကိုမဖော်ပြကြဘဲ မကောင်းတဲ့သတင်းတွေကိုပဲဖော်ပြပေးနေကြတယ်။ ဒါဟာ စိတ်မကောင်းစရာပါပဲ။ ဒါကိုကျွန်တော် ဟန်လုပ်ပြီးသာမန်အပေါ်ယံပြောနေကျတစ်ခုလို ကျွန်တော်ပြောတာမဟုတ်ပါဘူး။ ကျွန်တော့်စိတ်ထဲမှာရှိတဲ့ ကျွန်တော်ခံစားချက်အမှန်ကိုပြောပြနေတာပါ။"

ပရိသတ်ကြီးရေ Mikis ပြောတာလက်ခံတယ်မလား။ 

သတင်းအရင်းမြစ် Moda

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။