လူတွေကိုဖမ်းယူစားသောက်လေ့ရှိတဲ့ နွယ်ငန်း သို့မဟုတ် အသားစားနွယ်ပင်

//s9.kh1.co/e1/e1c4cadc429dc54fddba99361fbcd0646f486342.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

နွယ်ငန်း (သို့မဟုတ်) အသားစားနွယ်ပင်တွေဟာ တောတောင်ထူထပ်တဲ့နေရာများမှာ ပေါက်ရောက်ပြီး သက်ရှိသတ္တဝါများကို ရစ်ပတ်စားသုံးကြပါတယ်။ ဒီနွယ်ပင်တွေရဲဲ့ လက်တံတွေဟာ ရေဘဝဲလက်တံတွေကဲ့သို့ လှုပ်ရွပြီး ရှင်သန်နိုင်တာက ထူးခြားလွန်းပါတယ်။ 

https://s9.kh1.co/__image/w=600,h=259,q=100/52/52a2fec5e568ceb34927547811f771237e3eb241.jpg
https://s9.kh1.co/__image/w=600,h=546,q=100/26/26bb61c0b75641c6bcf28dd0d7eafd384060d840.jpg

သတ္တဝါတွေကို ရစ်ပတ်စားသုံးရခြင်းအကြောင်းမှာ နွယ်ငန်းပင်တွေအတွက် လိုအပ်တဲ့ သြဇာဓာတ်များဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်အပြင် နိုက်ထရိုဂျင်ဓာတ်လည်း အရေးတစ်ကြီး လိုအပ်ပါတယ်။ အခြားအပင်တွေရဲ့ ခြေရင်းမှာ ပေါက်နေတာကြောင့် အစာရေစာ အလုံအလောက်ရရှိရန် မလွယ်ပါဘူး။ ထို့ကြောင့် သူတို့ရဲ့ အစာအာဟာရအတွက် အနားကိုရောက်လာတဲ့ ပိုးမွှားတွေကို ဖမ်းယူစားသောက်ပြီး နိုက်ထရိုဂျင်ဓာတ်ကို ထုတ်ယူကြပါတယ်။

https://s9.kh1.co/__image/w=600,h=856,q=100/16/16bce320aaf51a77697846311ae6e590e53c1bcc.jpg
https://s9.kh1.co/__image/w=600,h=355,q=100/1a/1aca359862a743b9ad1520c6d782fd8499f5d203.jpg

နွယ်ငန်းပင်တွေမှာ ဆင်နှာမောင်းနဲ့တူတဲ့ တင်တီကယ်အမျှင်များရှိပြီး မိမိတို့အနားကို သက်ရှိသတ္တဝါများရောက်လာပါက တွန့်လိမ် ရစ်ပတ်ပြီး အပင်ခြေရင်းသို့ ဆွဲယူတတ်ပါတယ်။ အရစ်ပတ်ခံရတဲ့ သတ္တဝါဟာ ရုန်းကန်တွန်းလှန်နိုင်ခြင်း မရှိပါက အပင်ခြေရင်းမှာပဲ သေကြေပျက်စီးရပါတယ်။နွယ်ငန်း အပင်ငယ်မျိုးကို မြန်မာပြည်မှာလည်းတွေ့နိုင်ပြီး အာဖရိကမှာတော့ လူနဲ့တကွ သတ္တဝါကြီးများကိုတောင် ဖမ်းယူစားသောက်နိုင်တဲ့ နွယ်ငန်းပင်ကြီးများပင် ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=262,q=100/8d/8dbeaa8d366713ecfc0c36bf8e6f86800926e616.jpg

သတင်း အရင်းအမြစ်Sixth Sense

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T