ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့အမူအရာတစ်ခုလုပ်ပြလိုက်တာကြောင့် ညီမလေးနဒီရွှေရည်တောင် သဘောကျသွားရတဲ့ ရွှေကစ်ရဲ့ဗီဒီယို

//s9.kh1.co/f2/f20a4d1646fa46959e631ab03a5d6312fa6ade44.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့အမူအရာတစ်ခုလုပ်ပြလိုက်တာကြောင့် ညီမလေးနဒီရွှေရည်တောင် သဘောကျသွားရတဲ့ ရွှေကစ်ရဲ့ဗီဒီယို

ရွှေကစ်လို့ အားလုံးကချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ယောက်ျားလေးပရိသတ်တွေရဲ့အားပေးမှုကိုသာမက မိန်းကလေးပရိသတ်တွေရဲ့ချစ်ခင်မှုကိုပါ ရရှိထားတာ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲမင်းသမီးတစ်လက်လည်းဖြစ်တဲ့ ရွှေကစ်က အကယ်ဒမီဆုနှစ်ဆုတိတိရယူပြီး မှတ်တိုင်စိုက်ထူထားနိုင်တာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ရွှေကစ်က မြန်မာနိုင်ငံမှာသာမက ပြည်ပနိုင်ငံမှာပါ အောင်မြင်မှုတွေရရှိနေတာဖြစ်ပါတယ် ။

Photo Credit-Li John Photography
Photo Credit-Li John Photography
Photo Credit-Wutt Hmone Shwe Yi's FB Page
Photo Credit-Wutt Hmone Shwe Yi's FB Page

ရွှေကစ်လေးက ဖြူဖွေးဝင်းဥတဲ့အသားအရေလေးကို ပိုင်ဆိုင်ထားတာဖြစ်လို့ ကြွေရုပ်လေးပမာ လှပနေတာလည်း ဖြစ်ပါတယ်။ အသက် (၃၀)ကျော်အရွယ်ထဲကိုဝင်လာခဲ့ပြီဖြစ်တဲ့ ရွှေကစ်က တစ်စက်လေးမှအလှမလျော့တဲ့အပြင် မျက်နှာလေးကနုဖတ်ပြီး ဆယ်ကျော်သက်လေးလို အရွယ်တင်နေတာ ဖြစ်ပါတယ်။ အခုလည်း ရွှေကစ်လေးက သူမရဲ့ချစ်ညီမလေး နဒီရွှေရည်နဲ့အတူ ဗီဒီယိုရိုက်ရင်း ချစ်စရာအမူအရာလေးတစ်ခု လုပ်ပြခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Nadi Shwe Yi-KAY's FB Page
Photo Credit-Nadi Shwe Yi-KAY's FB Page
Photo Credit-Shine -Make Up Artist's FB Page Story
Photo Credit-Shine -Make Up Artist's FB Page Story

ညီမလေး Kay က ဗီဒီယိုရိုက်နေတဲ့အချိန်မှာပဲ ရွှေကစ်က ပို့စ်တွေအပီအပြင်ပေးရင်းနဲ့ ကလေးလေးတစ်ယောက်လို ချစ်စရာပုံစံလေးနဲ့ စကားပြောလိုက်တာ ဖြစ်ပါတယ် ။ အရုပ်မလေးလိုလှနေတဲ့ ရွှေကစ်ရဲ့ဟန်ပန်လေးတွေက အသည်းယားစရာကောင်းတာကြောင့် ညီမလေး Kay တောင် သဘောတွေကျပြီး ရယ်မောခဲ့ရတာလည်း ဖြစ်ပါတယ် ။ကဲ အရမ်းချစ်ဖို့ကောင်းတဲ့ မင်းသမီးချောလေးရွှေကစ်တို့ညီအစ်မနှစ်ယောက်ရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Nadi Shwe Yi-KAY's FB Page Story

Photo Credit-Nadi Shwe Yi-KAY's FB Page Story
Photo Credit-Nadi Shwe Yi-KAY's FB Page Story
Photo Credit-Shine -Make Up Artist's FB Page Story
Photo Credit-Shine -Make Up Artist's FB Page Story
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T