ဥပုပ်အခါတော်နေ့လေးမှာ ဘုန်းကြီးကျောင်းတွင် ဆွမ်း၊သစ်သီးတို့ကို သွားရောက် ကပ်လှူခဲ့တဲ့ သံသာမိုးသိမ့်ရဲ့အေးချမ်းနေတဲ့ ချစ်စရာပုံရိပ်လေး

//s9.kh1.co/63/633b27ca12f439ebd48ac213888574199f05a2f5.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး တစ်ဦး ဖြစ်တဲ့ သံသာမိုးသိမ့်ကတော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ပြီး ချစ်စရာကောင်းတဲ့ သူလေး ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ချစ်တာကို ခံနေရတာ ဖြစ်ပါတယ်။သူမဟာ MRTV-4 ဇာတ်လမ်းတွဲများစွာ တွင်ပါဝင်သရုပ်ဆောင်ထားကာ ကျရာ ဇာတ်ရုပ်ကို ပီပီပြင်ပြင် လုပ်ဆာင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်နေရာကို ရယူထားနိုင်တာ ဖြစ်ပါတယ်။

Photo Credit -Than Thar Moe Theint FB Account
Photo Credit -Than Thar Moe Theint FB Account
Photo Credit -Than Thar Moe Theint FB Account
Photo Credit -Than Thar Moe Theint FB Account

သူမကို လူသိများပြီးအရမ်းအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲ ဖြစ်တဲ့ “ကျွန်မက မဟေသီ”ဇာတ်ကားထဲတွင် ဇာတ်ကောင်နေရာကို ပရိသတ်တွေ သဘောကျ လက်ခံနိုင်အောင် ပုံဖော် ရိုက်ကူးနိုင်ခဲ့တာကြောင့် ပြည်သူချစ် အနုပညာရှင်လေး တစ်ယောက် ဆိုလည်း မမှားပါဘူးနော်…….။သံသာမိုးသိမ့်ဟာ အားလပ်ချိန်တွေမှာလည်း Tik Tok လေးတွေကို ပရိသတ်တွေ အလွမ်းပြေအောင် ဆော့ကစားလေ့ရှိသူလေး ဖြစ်ပါတယ်။

Photo Credit -Than Thar Moe Theint FB Account
Photo Credit -Than Thar Moe Theint FB Account
Photo Credit -Than Thar Moe Theint FB Account
Photo Credit -Than Thar Moe Theint FB Account

သံသာမိုးသိမ့်ဟာ ဘာသာရေးကိုင်းရှိုင်းသူလေး ဖြစ်ကာ ဒီနေ့မှာ ဆိုရင်လည်း အလှူအဒါန်းလေးလုပ်တာကို သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် “နတ်တော်လကွယ် ဥပုတ်အခါတော်နေ့ ဘုန်းကြီးကျောင်းသွားပြီးဆွမ်း၊သစ်သီး ကပ်လှူ ပူဇော်ဖြစ်ပါတယ်ရှင့် သံသရာပါတာ ကုသိုလ်ပဲရှိတယ်လေ နော့ ဟုတ်တယ်မလား”ဆိုတဲ့ စာသားလေးနဲ့ အတူ ဒါနလေး ပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေ ကို ပရိသတ်တွေ အတွက် ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလည်း သံသာမိုးသိမ့်ကို ချစ်ခင်အားပေးကြမှာ အမှန်ပဲမို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Photo Credit -Than Thar Moe Theint FB Account
Photo Credit -Than Thar Moe Theint FB Account
Photo Credit -Than Thar Moe Theint FB Account
Photo Credit -Than Thar Moe Theint FB Account

သတင်း အရင်းအမြစ်Than Thar Moe Theint FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T