သားသမီးလိုပြုစုယုယပြီးမွေးထားတဲ့ သူမရဲ့ ချစ်စရာခွေးလေးတွေနဲ့အတူ ဆော့ကစားရင်း ချစ်အားပိုနေတဲ့ သန္တာလှိုင်ရဲ့ ဗီဒီယို

//s9.kh1.co/f0/f0c56cb95e1ab34f29447970533a18603e71e826.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ စူပါမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ဟာ အောင်မြင်မှုတွေနဲ့ အကောင်းဆုံးရပ်တည်နေတဲ့အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ ဘိုဆန်တဲ့အလှတရားတွေအပြင် အချိုးအစားပြေပြစ်ညီညာတဲ့ ခန္ဓာကိုယ်လေး​ကို ပိုင်ဆိုင်ထားပြီး ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုနေတဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် နဲ့ သာလုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။

Photo Credit - Thandar Hlaing fb page
Photo Credit - Thandar Hlaing fb page
Photo Credit - Thandar Hlaing fb page
Photo Credit - Thandar Hlaing fb page

သန္တာလှိုင်က ဝတ်စားဆင်ယဥ်မှုမှာလည်း ဘယ်လိုဖက်ရှင်တွေပဲ ဖြစ်ဖြစ်လိုက်ဖက်မှုရှိအောင် စမတ်ကျကျ ဝတ်ဆင်တတ်တာကြောင့် ပျိုမေလေးတွေကလည်း အားကျနေရတာ ဖြစ်ပါတယ်။ မကြာခဏဆိုရင်လည်း သူမရဲ့ နေ့စဉ်လှုပ်ရှားမှုတွေနဲ့ ချစ်စရာပုံရိပ်လေးတွေကို အမြဲဖော်ပြပေးလေ့ရှိပါတယ်။ ယခုမှာလည်း သူမရဲ့ ပရိသတ်တွေအတွက် အိမ်မှာနေရင်း ရိုက်ထားတဲ့ ချစ်စရာဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Thandar Hlaing fb page
Photo Credit - Thandar Hlaing fb page
Photo Credit - Thandar Hlaing fb page
Photo Credit - Thandar Hlaing fb page

ဒီဗီဒီယိုလေးထဲမှာ သန္တာလှိုင်က သားသမီးလိုချစ်ရတဲ့ ခွေးလေးနဲ့ အတူ ဆော့ကစားရင်း တစ်နေ့တာရဲ့ အချိန်လေးတွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း သန္တာလှိုင်က " အမေ့အသဲလေး အနာကျက်လာလို့ ဒီနှစ်ထဲမှာ ပထမဆုံးရေချိုး သန့်ရှင်းရေးလုပ်ပြီးသောအခါ အမေနဲ့ ကပ်သီးကပ်သတ် ပလူးနေတဲ့ပုံ " ဆိုပြီး ရေးသားထားပါသေးတယ်။ ပရိသတ်တွေလည်း တစ်နေ့တာရဲ့ အချိန်တွေကို တိရိစ္ဆာန်လေးတွေနဲ့အတူ ပျော်ပျော်ပါးပါး ဖြတ်သန်းနေတဲ့ သန္တာလှိုင်ရဲ့ ဗီဒီယိုလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ်VideoCredit & Source - Thandar Hlaing fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T