လူငယ်တစ်ယောက်လို ပေါ့ပေါ့ပါးပါး လေးနဲ့ စတိုင်ကျအောင်ဝတ်စားထားပြီး ပျော်ရွှင်စွာ ခရီးထွက်နေတဲ့ ပုံရိပ်လေးတွေကိုချပြလာတဲ့ မေကဗျာ

//s9.kh1.co/40/408a9d93784fd8d73174fd4bd3a6d0d5200e08f1.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဝါရင့် သရုပ်ဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ မေကဗျာ ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို ဖြေးဖြေးမှန်မှန်လေး လုပ်ဆောင်နေပြီး အနုပညာလမ်းကို ဆက်လက်လျှောက်လှမ်းနေတာ ပဲဖြစ်ပါတယ်။ ဗီဒီယို လောကမှာတုန်းက အဓိက သရုပ်ဆောင် နေရာကနေ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေ ရဲ့ အားပေးထောက်ခံမှုကို ရရှိလာခဲ့တာ ဆယ်စုနှစ်မက အောင်မြင်ခဲ့ပြီး ယခုချိန်ထိ အောင်မြင်ကျော်ကြား လူကြိုက်များနေတာပဲဖြစ်ပါတယ်။ ဘယ်ဇာတ်ရုပ်လာလာ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်ပြီး ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေ ကြောင့် ပရိသတ်တွေရဲ့ ရင်ထဲ ရောက်ရှိခဲ့တာ ဆိုရင်လည်း မမှားပါဘူး။

Photo Crd - May Kabyar Facebook Page
Photo Crd - May Kabyar Facebook Page
Photo Crd - May Kabyar Facebook Page
Photo Crd - May Kabyar Facebook Page

ကလေးအမေတစ်ယောက်ပင်ဖြစ်သော်လည်း အရွယ်တင်နုပျိုနေပြီး အမြဲလန်းဆန်းတက်ကြွကာ ချစ်ဖို့ကောင်းနေတာ ကြောင့် ပရိသတ်တွေ အချစ်တွေ တိုးနေရတာပဲဖြစ်ပါတယ်။ ခရီးတွေ ထွက်ကတာကို ကြိုက်နှစ်သတ်တဲ့ သူမကတော့ မကြာမကြာမှာလည်း ခရီးတိုလေးတွေကို ခနခနထွက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ရိုးရှင်းစွာ လျှောက်လှမ်းနေတာ ပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း Live sale တွေ လုပ်လိုက်ပျော်ပျော်ပါးပါး ခရီးထွက်လိုက်နဲ့ ပျော်ရွှင်အေးချမ်းနေတာ ပဲဖြစ်ပါတယ်။

Photo Crd - May Kabyar Facebook Page
Photo Crd - May Kabyar Facebook Page
Photo Crd - May Kabyar Facebook Page
Photo Crd - May Kabyar Facebook Page

ယခုအခါမှာလည်း ခရီးတွေထွက်ခါ ရိုက်ထားတဲ့ ပုံလေးတွေကို ချပြလာတာ ပဲဖြစ်ပါတယ်။ သဘာဝဆန်တဲ့နေရာလေးတွေကို ခရီးတွေ ထွက်ပြီး ပျော်ရွှနေတဲ့ ပုံလေးတွေကို

“နားရက်လေးမှာ ကုသိုလ်ရေးလေးလုပ်ရင်း ဓာတ်ပုံလေးတွေရိုက်

ဒီနေ့ Live လေး နားထားပါတယ်နော်

မနက်ဖန်တော့ရှိမယ်နော်အချစ်တို့

လွမ်းနေနေ” ဆိုတဲ့ခေါင်းစဉ်လေးတပ်ပြီး ဖော်ပြလာတာကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်။ ပရိသတ်ကြီး တို့ကလည်း မေကဗျာ ရဲ့ ပုံလေးတွေကို ကြည့်ပြီး ချစ်တယ်ဆို အသည်းလေးတွေ ပေးခဲ့ကြဦးနော်…။

Photo Crd - May Kabyar Facebook Page
Photo Crd - May Kabyar Facebook Page
Photo Crd - May Kabyar Facebook Page
Photo Crd - May Kabyar Facebook Page
Photo Crd - May Kabyar Facebook Page
Photo Crd - May Kabyar Facebook Page

သတင်း အရင်းအမြစ်May Kabyar Facebook Page

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T