မျက်နှာတစ်ခုလုံး ပျားတွေဖုံးအုပ်ခံပြီး နာရီပေါင်းများစွာ နေပြခဲ့တဲ့အမျိုးသား

//s9.kh1.co/f2/f2ba2582c1475ed3ae89a61bd99f6e888022ee80.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.


ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာဆိုရင် ပျားလူသားလို့ နာမည်ကြီးတဲ့ အမျိုးသားတစ်ယောက် အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ဒီအမျိုးသားဟာ အိန္ဒိယနိုင်ငံ ကီရာလာမှ နေထိုင်တဲ့ အမျိုးသားဖြစ်ပြီး သူဟာ အချိန်အတော်ကြာအောင် မျက်နှာကို ပျားတွေနဲ့ ဖုံးအုပ်ပြီး သရုပ်ပြခဲ့တာကြောင့် နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။

photo credit - Newsllons
photo credit - Newsllons
photo credit - Newsllons
photo credit - Newsllons

၎င်းအမျိုးသားဟာ သူ့ရဲ့ဦးခေါင်းထိပ်ကနေ ရင်ဘတ်ထိကို နေရာလွတ်မကျန်အောင် ပျားတွေနဲ့ ဖုံးအုပ်ခဲ့ပြီး ဒီအနေအထားနဲ့ ၄ နာရီ ၁၀ မိနစ်နဲ့ ၁၅ စက္ကန့်ကြာအောင် သရုပ်ပြခဲ့ပါတယ်။သူ့ရဲ့သရုပ်ပြမှုကြောင့် လူအများက စိုးရိမ်ခဲ့ကြပေမယ့်လည်း ၎င်းအမျိုးသားကတော့ ဒီလိုလုပ်တာဟာ သူနဲ့ပျားတွေရဲ့ကြားက ဆက်သွယ်မှုကို ပိုမိုကောင်းမွန်စေတယ်လို့ ပြောခဲ့ပါတယ်။

photo credit - Newsllons
photo credit - Newsllons
photo credit - Newsllons
photo credit - Newsllons

၎င်းအမျိုးသားဟာ သူငယ်စဉ်ထဲက ပျားတွေနဲ့ ဆက်သွယ်မှုကိုလေ့လာခဲ့သူတစ်ယောက်ဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်လောက်ထဲက ပျားတွေကို ခန္ဓာကိုယ်မှာ ထိန်းထားနိုင်နေသူတစ်ဦးပဲဖြစ်ပါတယ်။ဒါပေမယ့် သူဒီလိုသရုပ်ပြဖို့အတွက်တော့ အချိန်တွေလည်းများစွာလိုအပ်ခဲ့သလို လေ့ကျင့်မှုတွေလည်း အကြာကြီးပြုလုပ်ခဲ့ရပါတယ်။သူ့ရဲ့ဒီလိုသရုပ်ပြမှုဟာ တကယ့်ကိုထိတ်လန့်စရာတစ်ခုဖြစ်ပြီး မျက်လုံးနဲ့သာမမြင်တွေ့ရရင် မယုံကြည်နိုင်လောက်အောင်ပါပဲ။

photo credit - Newsllons
photo credit - Newsllons
photo credit - Newsllons <br>
photo credit - Newsllons
photo credit - Newsllons
photo credit - Newsllons

သတင်း အရင်းအမြစ်

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T