ဖယောင်းတိုင်းမီးနဲ့ဆော့ရာမှ မီးလောင်သေဆုံးပြီး နာနာဘာဝဖြစ်နေတဲ့ ကောင်မလေး

//s9.kh1.co/29/296b4addc783cc2171d188e4ff70926facf007e2.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.


ပရိသတ်တွေအတွက် လန်ဒန်မှာဖြစ်ပွားခဲ့တဲ့ ထူးထူးဆန်းဆန်း ဖြစ်ရပ်လေးတစ်ခုကိုဖော်ပြပေးချင်ပါတယ်။

ပြီးခဲ့တဲ့ (၁၉၉၅) နိုဝင်ဘာ (၁၉)မှာ ရှယော့ရှိုင်းယားက ဝမ်းမြို့တော်ခမ်းမအကြီးအကျယ်မီးလောင်ခဲ့ပါတယ်။ ဒီမီးလောင်မှုကို ဓာတ်ပုံဆရာ တိုနီအိုရဟလီက အမိအရ မှတ်တမ်းဓာတ်ပုံရိုက်ယူခဲ့သလို သူရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေထဲက တစ်ပုံကြောင့် အံ့အားသင့်သွားခဲ့ရပါတယ်။ ဘာ့ကြောင့်လဲဆိုရင် သူရိုက်ခဲ့တဲ့ပုံတွေထဲက တစ်ပုံမှာ မီတောက်မီးလျှံတွေကြားမှာရပ်နေတဲ့ ကလေးမလေးတစ်ယောက်ကို တွေ့ခဲ့ရတာကြောင့် ပဲဖြစ်ပါတယ်။

photo from google
photo from google

ဒါ့ကြောင့် ၎င်းဓာတ်ပုံဆရာဟာ ဒီကလေးမလေး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာသိရဖို့အတွက် ဒီမီးလောင်မှုကို မျက်မြင်တွေ့ခဲ့ရတဲ့ မီးသတ်သမားတွေနဲ့ လူတွေကိုလိုက်လံမေးမြန်းခဲ့ပေမယ့် ဘယ်သူမှမသိကြပါဘူး။အသေအပျောက်စာရင်းက သေဆုံးကလေးစာရင်းကိုစစ်ခဲ့ပေမယ့်လည်း ဒီကလေးမရဲ့စာရင်းကို မတွေ့ရှိခဲ့ပါဘူး။ ဒ့ါကြောင့် ဒီကလေးမလေးဟာ သူ့အတွက် ပဟေဋိတစ်ခုလိုဖြစ်နေခဲ့ပြီး သူရိုက်ခဲ့တဲ့ ဓာတ်ပုံက နာမည်ကြီးလာတဲ့အခါမှာတော့ ဒီဓာတ်ပုံဟာအစစ်ဟုတ်မဟုတ် ဓာတ်ပုံပညာရှင်တွေက ဝိုင်းဝန်းစစ်ဆေးခဲ့ပေမယ့်လည်း အဖြေကတော့ ဓာတ်ပုံအစစ်လို့သာထွက်ခဲ့ပါတယ်။

photo from google
photo from google
photo from google
photo from google

အဲ့ဒီနောက် အားလုံးကစိတ်ဝင်စားလာကြပြီး ဝိုင်းဝန်းစစ်ဆေးတဲ့အခါမှာတော့ ဒီအဆောက်အအုံကြီး မတည်ဆောက်ခင်က ၎င်းနေရာမှာ မီးအကြီးအကျယ်လောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းကို သိခဲ့ရပါတယ်။

ဒါ့အပြင် ဂျိမ်းချန်း (Jane Churm)ဆိုတဲ့ ကလေးမလေးဟာ ဖယောင်းတိုင်မီးနဲ့ သူမရဲ့ သက်ကယ်ကို မတော်တဆထိမိရာမှ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး သူမကိုယ်တိုင်လည်း ၎င်းနေရာမှာပဲ ပွဲခြင်းပီးသေဆုံးသွားခဲ့ကြောင်းကိုပါ ထပ်မံသိခဲ့ရပါတယ်။ ၎င်းကလေးမလေးရဲပုံနဲ့ ဓာတ်ပုံဆရာရိုက်ထားတဲ့ပုံထဲက ကလေးမလေးရဲ့ မျက်နှာကိုတိုက်ကြည့်တဲ့အခါမှာလည်း တစ်ပုံတည်းတူနေတာကြောင့် ဒီကလေးမလေးဟာ သေဆုံးပြီး မကျွတ်လွတ်သေးမှန်း အားလုံးကသိခဲ့ကြပါတယ်။

အသက်သေဆုံးသွားပြီးထဲက မကျွတ်လွတ်သေးပဲ နာနာဘာဝအနေနဲ့ရှိနေတဲ့ ၎င်းကလေးမလေးကတော့ လက်ရှိအချိန်မှာ ကျွတ်လွတ်သွားပြီလားဆိုတာ ဘယ်သူမှသေချာမပြောနိုင်သေးပါဘူး။

photo from google<br>
photo from google

သတင်း အရင်းအမြစ်Daily Mail

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T