မင်းသမီးချောလေးမေမြင့်မိုရ်ကတော့ MRTV4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေစတင်သတိထားမိလာခဲ့ပြီး ယခုမှာတော့ အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်နေပြီဖြစ်ရာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရရှိနေပြီဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိနေပြီး ကျရာဇာတ်ရုပ်တိုင်းကို အကောင်းဆုံးနဲ့ အပီအပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေတဲ့ သူမကတော့ ချစ်စရာကောင်းတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။


အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်လျက်ရှိနေခဲ့ပြီး ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့ သူမကတော့ အသားအရေနုပျိုလှပပြီး နတ်သမီးလေးလိုအရမ်းချစ်စရာကောင်းတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ ဖော်ရွေစွာပြောဆိုဆက်ဆံတတ်တဲ့ သူမကတော့ ရိုးရှင်းတဲ့ ဖက်ရှင်လေးတွေ၊အမိုက်စားဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိသူတစ်ယောက်ဖြစ်ပြီး ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိနေတာပဲဖြစ်ပါတယ်။


သူမကတော့ ယခုမှာ ရင်ခုန်စရာကောင်းပြီး လွတ်လပ်ပေါ့ပါးတဲ့ဖက်ရှင်လေးကြောင့် ဖြူဖွေးတဲ့အသားအရေလေးပေါ်လွင်နေကာ အသည်းယားစရာကောင်းနေခဲ့ပါတယ်။ ရိုက်ကွင်းထက်မှာ ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့အပီအပြင်လန်းနေတဲ့ သူမရဲ့ ဗီဒီယိုဖိုင်လေးဟာ ကြည့်မိသူတိုင်းကို အချစ်တွေပိုစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောမေမြင့်မိုရ်ရဲ့ ရင်ခုန်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုကို အောက်မှာကြည့်နိုင်ပါတယ်။
Source: May Myint Mo 's Facebook Acc Myday


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။