ဖေဖေ့ဆီကိုဖုန်းခေါ်တာမကိုင်လို့ အရမ်းဝမ်းနည်းသွားကာ အိပ်ရာပေါ်မှာလူးလိမ့်ပြီး အကြီးအကျယ်ငိုကြွေးနေတဲ့ ဖိုးသောကြာသမီးလေးရဲ့ဗီဒီယို

//s9.kh1.co/1b/1b89cbee76cea91ef06fc2aeaff5a2955eb0c127.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ဖေဖေ့ဆီကိုဖုန်းခေါ်တာမကိုင်လို့ အရမ်းဝမ်းနည်းသွားကာ အိပ်ရာပေါ်မှာလူးလိမ့်ပြီး အကြီးအကျယ်ငိုကြွေးနေတဲ့ ဖိုးသောကြာသမီးလေးရဲ့ဗီဒီယို

ပရိသတ်ကြီးရေ အဆိုတော်ဖိုးသောကြာကတော့ မြန်မာသံစဉ်‌ကိုလုံးဝပိုင်နိုင်ပြီး ဖေဖေ့ဆီကနေ အနုပညာအမွေကိုလက်ဆင့်ကမ်းရရှိထားတာဖြစ်ပါတယ်။ဖိုးသောကြာရဲ့ဖေဖေဦးသုမောင်ကလည်း အနုပညာနဲ့ပတ်သက်ရင်စွယ်စုံရတဲ့အနုပညာရှင်တစ်ယောက်ဖြစ်လို့ တစ်ခေတ်တစ်ချိန်မှာအရမ်းအောင်မြင်ခဲ့တာဖြစ်ပါတယ်နော်။ဖိုးသောကြာက ဖေဖေမရှိတော့တဲ့အချိန်မှာလည်း အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်လျက်ရှိပြီး ဇာတ်ကားတွေလည်းရိုက်ကူးနေဆဲဖြစ်ပါတယ်။

Photo Credit:Pho Thauk Kyar's Facebook Account

ဖိုးသောကြာက အခုချိန်မှာဆိုရင် ကိုယ်ပိုင်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး သမီးနှစ်ယောက်ရဲ့ဖခင်ဖြစ်ပါတယ်နော်။ဖိုးသောကြာရဲ့မိသားစုဘဝလေးကလည်း သာယာအေးချမ်းပြီး ရိုးရိုးရှင်းရှင်းနဲ့ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေကြတာဖြစ်ပါတယ်။ဖိုးသောကြာက ဇနီးနဲ့သမီးလေးတွေကို လိုလေသေးမရှိအောင်‌ထားပေးပြီး စိတ်ချမ်းသာပျော်ရွှင်မှုတွေကိုသာ ဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်။ဖိုးသောကြာရဲ့ချစ်ဇနီးလေးကလည်း ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ပီသလို့ သမီးတွေနဲ့ခင်ပွန်းရဲ့ဝေယျာဝစ္စတွေကို မလစ်ဟင်းအောင်ဆောင်ရွက်ပေးတာဖြစ်ပါတယ်နော်။ 

Photo Credit:Pho Thauk Kyar's Facebook Account
Photo Credit:Pho Thauk Kyar's Facebook Account
Photo Credit:Pho Thauk Kyar's Facebook Account
Photo Credit:Pho Thauk Kyar's Facebook Account
Photo Credit:Pho Thauk Kyar's Facebook Account
Photo Credit:Pho Thauk Kyar's Facebook Account

လတ်တလောမှာဆိုရင်တော့ ဖိုးသောကြာက မိသားစုနဲ့ခွဲပြီး ခရီးထွက်နေရတာဖြစ်ပါတယ်။ဖိုးသောကြာက မိသားစုနဲ့တော့ Video Callလေးသာခေါ်ပြီး နေ့တိုင်းစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဖိုးသောကြာရဲ့သမီးငယ်လေးက သူ့ဆီဖုန်းခေါ်တာမကိုင်လို့ဆိုပြီး အရမ်းဝမ်းနည်းသွားကာ အိပ်ရာပေါ်မှာလူးလိမ့်ငိုကြွေးနေတာဖြစ်ပါတယ်။ဖိုးသောကြာကတော့ သမီးလေးရဲ့ချစ်စဖွယ်အမူအရာလေးကိုကြည့်ရင်း အရမ်းချစ်လွန်းလို့ ပရိသတ်တွေပါကြည့်ရအောင် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။ 

Photo Credit:Pho Thauk Kyar's Facebook Account
Photo Credit:Pho Thauk Kyar's Facebook Account
Photo Credit:Pho Thauk Kyar's Facebook Account
Photo Credit:Pho Thauk Kyar's Facebook Account

Photo Credit:Pho Thauk Kyar's Facebook Account
Source& Video Credit:Pho Thauk Kyar's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T