သတင်းများအရ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်း၏ ချီလီတိုက်စစ်မှူး ဆန်းချက်က ဂျာမနီဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အနေဖြင့် ခေါ်ယူရန်လက်လျော့လိုက်ပြီဖြစ်ကြောင်း ဘိုင်ယန်မြူးနစ် ဥက္ကဋ္ဌ ကာလ်ဟိန်းဇ်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်း၏တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်သည် ချန်ပီယံလိဂ်ကစားလိုချင်သည်ဟု ပြောကြားထားပြီးအာဆင်နယ်အသင်းနှင့် လစာကိစ္စအဆင်မပြေကာ အာဆင်နယ်အသင်းမှထွက်ခွာလိုနေသည့် ကစားသမားဖြစ်သည်။ 

ထို့ပြင် အာဆင်နယ်အသင်း၏တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ကို ဆရာဟောင်း ဂွာဒီယိုလာ၏ အခြား အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးမှလည်း ဆန်းချက်၏အခြေအနေကိုစောင်ကြည့်နေသည်။

Hein 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။