(၇)ရက်ထိထိ သာသနာ့အမွေကို ခံယူပြီး မိဘကျေးဇူးကိုဆပ်ကာ ပြုသမျှကုသိုလ်ကောင်းမှုအစုစုကို သာဓုခေါ်နိုင်အောင် ပြောပြလာတဲ့ မင်းသမီးချောလေး မုဏ်း

//s9.kh1.co/14/14e8720ec7047ac440250f83d73022928ddbf70c.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

MRTV-4 က မင်းသမီးချောလေး တစ်ယောက် ဖြစ်တဲ့ မုဏ်းကတော့ ဇာတ်လမ်းတွဲ များစွာကို ရိုက်ကူးထားတာ ဖြစ်ပြီး ကျော့ရှင်းတဲ့ အလှလေးနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်တဲ့ အနုပညာရှင်တစ်လက် ဖြစ်ပါတယ်။မုဏ်းဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ကာ စကားပြောရင်လည်း ကလေးလေး တစ်ယောက်လို ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်တော်လေး ဖြစ်နေသူပါ။သူမကတော့ ကြော်ငြာတွေနဲ့ Live Sale တွေမှာ ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ် ရှိနေသူလေး ဖြစ်ပါတယ်။

Photo Credit -Mone FB Account
Photo Credit -Mone FB Account
Photo Credit -Mone FB Account
Photo Credit -Mone FB Account
Photo Credit -Mone FB Account
Photo Credit -Mone FB Account

မုဏ်းဟာ ပုရိသယောကျာ်းလေးတွေ ငေးမောရလောက်တဲ့ အမိုက်စားဘော်ဒီလေးကို ပိုင်ဆိုင်ထားရုံသာမက ရိုးရှင်းတဲ့ အလှတရားတွေနဲ့ ပြောစရာ မလိုအောင် လှသွေးကြွယ်နေသူ တစ်ဦး ဖြစ်ပါတယ်။လိမ္မာယဉ်ကျေးပြီး ဖြူစင်ရိုးသားကာ ပကာသနမရှိပဲ ဘာသာရေးကိုင်းရှိုင်းသူဖြစ်ပြီး အလှူအဒါန်းတွင်လည်း ရက်ရောတဲ့ သူလေး ဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာ ဖြစ်ပါတယ်။

Photo Credit -Mone FB Account
Photo Credit -Mone FB Account
Photo Credit -Mone FB Account
Photo Credit -Mone FB Account
Photo Credit -Mone FB Account
Photo Credit -Mone FB Account

ယခုတစ်ခါမှာတော့ သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် “(၇) ရက်တိတိ သာသနာ့အမွေကို ခံယူကာ မိဘကျေးဇူးကို ဆပ်လို့ လူထွက်ခဲ့ပါပြီ။ ပြုပြုသမျှကုသိုလ်ကောင်းမှုအစုစုတို့ကို သိခြင်း ကြားခြင်း သာဓုခေါ်ဆိုခြင်းဖြင့် ကုသိုလ်ထပ်တူရစေလိုခြင်းငှာ မျှဝေပေးပါတယ်။”ဆိုပြီး အဆိုပါ စာသားနဲ့ အတူ ပုံရိပ်လေးတွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။မုဏ်းလေးကို သာဓုခေါ်ရင်း ဆက်ပြီး ချစ်ခင်အားပေးနိုင်ဖို့အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Photo Credit -Mone FB Account
Photo Credit -Mone FB Account
Photo Credit -Mone FB Account
Photo Credit -Mone FB Account

သတင်း အရင်းအမြစ်Mone FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T