ကျန်းမာရေးကြောင့် ဆေးကုသမှုခံယူနေရတဲ့ လူရွှင်တော်ကြီးဦးစိန်ရိုးကို သွားရောက်လှူဒါန်းပြီး လက်ရှိအခြေအနေကို ပြောပြလာတဲ့ ဒိန်းဒေါင်

//s9.kh1.co/21/211b355a7b1510f2f678e9a2beac7a8e429d7ade.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ရယ်စရာဟာသဇာတ်ရုပ်တွေအပြင် မရိုးနိုင်တဲ့အခွီပြက်လုံးတွေကြောင့် အချိန်တိုအတွင်း ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးဝန်ရံမှုတွေနဲ့ ချစ်ခင်မှုတွေကို အများဆုံးရရှိထားသူတွေကတော့ လူရွှင်တော်ကြီးဦးစိန်ရိုးနဲ့ ဒိန်းဒေါင်တို့ပဲ ဖြစ်ပါတယ်နော်..။

မျိုးဆက်သစ်သဘင်အနုပညာရှင်တွေရဲ့ အတုယူစရာဝါရင့်လူရွှင်တော်ကြီး ဦးစိန်ရိုးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက လေဖြန်းသွားခဲ့ပြီး ဆေးကုသမှုခံယူနေရတာကိုလည်း ပရိသတ်တွေအားလုံးသိရှိကြပြီး ဖြစ်မှာပါနော်..။

Photo Credit - Dain Daung's Fb Acc
Photo Credit - Dain Daung's Fb Acc
Photo Credit - Dain Daung's Fb Acc
Photo Credit - Dain Daung's Fb Acc

ဆရာသမားတစ်ယောက်ဖြစ်ပြီး ဆေးကုသနေရတဲ့လူရွှင်တော်ကြီးဦးစိန်ရိုးအတွက် ဒိန်းဒေါင်ကလည်း လှူဒါန်းမှုတွေပြုလုပ်ခဲ့ပြီး လက်ရှိကျန်းမာရေးအခြေအနေလေးတွေကိုလည်း အသိပေးဝေမျှလာပါတယ်နော်..။

အသက်အရွယ်ကြီးရင့်နေတာမို့ ပရိသတ်တွေစိတ်ပူစိုးရိမ်နေကြပြီး ကျန်းမာရေးကြောင့် ဆေးကုသမှုခံယူနေရတဲ့ လူရွှင်တော်ကြီးဦးစိန်ရိုးအတွက် လူရွှင်တော်အသင်းမှ လှူဒါန်းငွေတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းပြီး လက်ရှိအခြေအနေလေးကို ဓာတ်ပုံဗီဒီယိုလေးတွေနဲ့အတူ ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Dain Daung's Fb Acc
Photo Credit - Dain Daung's Fb Acc
Photo Credit - Dain Daung's Fb Acc
Photo Credit - Dain Daung's Fb Acc

"လူရွှင်တော်အသင်းမှ အဖေကြီးဦးစိန်ရိုးအား တစ်သိန်းကျပ် ထပ်မံလှူဒါန်းပါသည်ခင်ဗျာ.." ဆိုပြီး ဦးစိန်ရိုးရဲ့လက်ရှိကျန်းမာရေးအခြေအနေလေးတွေကို ဒိန်းဒေါင်က ပရိသတ်တွေကို အသိပေးကာပြန်လည်ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း လူရွှင်တော်ကြီးဦးစိန်ရိုးအတွက် ဆုတောင်းစကားလေးတွေဆိုကာ မှတ်ချက်လေးတွေပေးထားကြတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Dain Daung's Fb Acc
Photo Credit - Dain Daung's Fb Acc
Photo Credit - Dain Daung's Fb Acc
Photo Credit - Dain Daung's Fb Acc

သတင်း အရင်းအမြစ်Dain Daung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T