အမိုက်စားဂါဝန်ကြီးကိုအထာကျကျ ဝတ်ဆင်ထားကာ ဖူးရဲ့ အကြိုက်ဆုံးအရောင်ဖြစ်တဲ့ ခရမ်းရောင်ရဲ့ ဂုဏ်သတ္တိကို ပြောပြလာတဲ့ မေတိုးခိုင်

//s9.kh1.co/f7/f763ad635832435a5b4e95c6649940b9fbfcd1f3.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်အချစ်တော်မေတိုးခိုင်ကတော့ လူငယ်ပီပီ အနုပညာအလုပ်တွေကို အဆက်မပျက်လုပ်ဆောင်နေပြီး အနုပညာလမ်းကို ဆက်လက်လျှောက်လှမ်းနေတာ ပဲဖြစ်ပါတယ်။ ဝါရင့် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ တူမလေး လည်း ဖြစ်ပြီး အဒေါ်ခြေရာကို နင်းကာ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိနေတာ ပဲဖြစ်ပါတယ်။ တီအူဝဲရဲ့ လမ်းညွှန်သင်ပြမှုတွေအောက်မှာနေကာ ယခုအခါတော့ ပီပြင်ပြောင်မြောက်လှတဲ့ အနုပညာစွမ်းရည်တွေ နဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါလက်ခံ ရိုက်ကူးလာတာ ပဲဖြစ်ပါတယ်။

Photo Crd - May Toe Khine Facebook account
Photo Crd - May Toe Khine Facebook account
Photo Crd - May Toe Khine Facebook account
Photo Crd - May Toe Khine Facebook account

ခန္ဓာကိုယ်ကလည်း သွယ်လျလှပပြီး မျက်နှာ အမူအရာလေးကလည်း အိန္ဒြာကျော်ဇင်လားလို့ ထင်ရလောက်အောင် အိန္ဒြာကျော်ဇင်နဲ့ ချွတ်စွတ်တူနေတဲ့ လှပတဲ့ မျက်နှာ အမူအရာလေးကို ပိုင်ဆိုင်ထားတာ ကြောင့် ပုရိသတွေက နှုတ်ဖျားမှာ ရေပန်းစား အောင်မြင်နေပြီး ပရိသတ်တွေ အားပေးထောက်ခံမှုကို အခိုင်ရရှိထားတာ ပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း အွန်းလိုင်း ကြော်ငြာတွေ ရိုက်ကူးနေကာ ပရိသတ်တွေ နဲ့ အဆက်အသွယ် မပျက်ရှိနေတာ ပဲဖြစ်ပါတယ်။ တစ်ခါတစ်ခါမှာလည်း ဖက်ရှင်မော်ဒယ်လ်လားလို့ ထင်ရလောက်အောင် အမိုက်စား အိင်္ကျီကြီးတွေ ဝတ်ပြီး ပို့စ်အမျိုးမျိုး ပေးကာ ရိုက်ထားတဲ့ ပုံလေးတွေကို ချပြလေ့ရှိတဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Crd - May Toe Khine Facebook account
Photo Crd - May Toe Khine Facebook account
Photo Crd - May Toe Khine Facebook account
Photo Crd - May Toe Khine Facebook account

ယခုအခါမှာတော့ အမိုက်စား ဖက်ရှင်ကြီးကို စတိုင်ကျကျ ဝတ်ဆင်ထားပြီး ပို့စ်အလန်းတွေ ပေးကာ ရိုက်ထားတဲ့ ပုံလေးတွေကို ချပြလာတာ ပဲဖြစ်ပါတယ်။ဒီပုံလေးတွေ ထဲမှာ မေတိုးခိုင်တစ်ယောက် ညို့အားပြင်းတဲ့ အကြည့်တွေ နဲ့ စွဲဆောင်မှုရှိရှိ လှသွေးကြွယ်နေတာ ပဲဖြစ်ပါတယ်။ ဖူး ကတော့ ခရမ်းရောင်ဟာ သူမအကြိုက်ဆုံးအရောင်ဖြစ်ပြီး ခရမ်းရောင် အမိုက်စား ဂါဝန်ကြီးကို ဝတ်ဆင်ကာ“ဖူးအတွက် ခရမ်းဆိုတာ ရဲရင့်ခြင်း၊ လျှို့ဝှက်ခြင်း၊ ကဗျာဆန်ခြင်း၊ လွတ်လပ်ခြင်း နဲ့ ငြိမ်းချမ်းခြင်းတွေကို ကိုယ်စားပြုတယ်။ ခရမ်းကိုခရမ်းဖြစ်လို့ ကြိုက်တယ်ကွာ” ဆိုတဲ့ခေါင်းစဉ်လေးတပ်ကာ ခရမ်းရောင်ရဲ့ ဂုဏ်သတ္တိတွေကိုပြောပြပြီး မျှဝေလာတာ ကို ပရိသတ်တွေ အတွက်ပြန်လည် မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်။

Photo Crd - May Toe Khine Facebook account
Photo Crd - May Toe Khine Facebook account
Photo Crd - May Toe Khine Facebook account
Photo Crd - May Toe Khine Facebook account

သတင်း အရင်းအမြစ်May Toe Khine Facebook account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T