အသက် ၁နှစ်နဲ့၉လပြည့်သွားခဲ့ပြီဖြစ်တဲ့ သားလေး ဂျက်ဂျက်ကို ချစ်မဝဖြစ်နေကာ ရင်ခွင်ထဲမှာ အမြဲထည့်ပြီး ဖက်ထားချင်တယ်ဆိုတဲ့ မေမေ နန်းမြတ်

//s9.kh1.co/88/88755ec81c3268f51f79f69eba60196f342e1e53.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ ခေးမေမေတွေထဲမှာ သရုပ်ဆောင် အဆိုတော် နန်းမြတ်ဖြိုးသင်းကလည်း တစ်ယောက်အပါအဝင်ပါ ။ နန်းမြတ်က ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့်လည်း အနုပညာအလုပ်ကို ဝါသနာပါသူမို့ ကြိုးစားလုပ်ကိုင်ရင်း အချိန်ခဏလေးအတွင်းမှာ နေရာတစ်ခုကို အခိုင်အမာရရှိကာ ပရိသတ်အားပေးချစ်ခင်မှုကိုလည်း တစ်ခဲနက်ရရှိထားတာဖြစ်ပါတယ်။ နန်းမြတ်က အေးချမ်းလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး စိတ်ထားလေးကလည်း ဖြူစင်မွန်မြတ်တာကြောင့် မိန်းကလေးအချင်းချင်းကပါ အားကျအချစ်ပိုကြတာကိုလည်း တွေ့ရပါတယ်။ 

Photo credit - Nann Myat Phyo Thin's Facebook Account

နန်းမြတ်က အိမ်ထောင်ပြုပြီးသည့်တိုင် အနုပညာအလုပ်တွေကို မနားတမ်းလုပ်ကိုင်နေတာဖြစ်ပြီး သားသားလေး ဂျက်ဂျက်ကိုလည်း မျက်ခြေမပြတ် ဂရုစိုက် အချစ်ပိုလေ့ရှိတာကို တွေ့ရပါတယ်။

ဗိုက်ထဲမှာလည်း နောက်ထပ်ရင်သွေးလေးကို လွယ်ထားရတဲ့ နန်းမြတ်တစ်ယောက် သားဦးလေး ဂျက်ဂျက်ကိုလည်း ချစ်မဝဖြစ်နေတာပါ။ 

Photo credit - Nann Myat Phyo Thin's Facebook Account
Photo credit - Nann Myat Phyo Thin's Facebook Account
Photo credit - Nann Myat Phyo Thin's Facebook Account
Photo credit - Nann Myat Phyo Thin's Facebook Account
Photo credit - Nann Myat Phyo Thin's Facebook Account
Photo credit - Nann Myat Phyo Thin's Facebook Account

ယနေ့မှာလည်း သားသားလေး ဂျက်ဂျက်က အသက် ၁နှစ်နဲ့ ၉လ ပြည့်သွားခဲ့တာဖြစ်လို့ မေမေ နန်းမြတ်က သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ ပုံလေးတွေနဲ့အတူ " Jackလေးဒီနေ့၁နှစ်၉လပြည့်တယ် အချိန်တွေကုန်တာမြန်သလိုပြောင်းလဲမှုတွေကလဲများတယ် ခုဆိုရင်ခွင်ထဲမှာကြာကြာမနေတော့ဘူး ဒီမေမေကတော့အမြဲကလေးလေးလိုထွေးထားဖက်ထားချင်တာ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ဖတ်ရှုစေဖို့အတွက် Myanmarload မှ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...... ။

Photo credit - Nann Myat Phyo Thin's Facebook Account
Photo credit - Nann Myat Phyo Thin's Facebook Account
Photo credit - Nann Myat Phyo Thin's Facebook Account
Photo credit - Nann Myat Phyo Thin's Facebook Account
Photo credit - Nann Myat Phyo Thin's Facebook Account
Photo credit - Nann Myat Phyo Thin's Facebook Account

သတင်း အရင်းအမြစ်Source - Nann Myat Phyo Thin's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T