ခေါင်းရေအိတ်တည်နေတဲ့ (၁၀)လအရွယ်သားလေးကို ဆေးရုံမှာဆေးစစ်ဖို့အတွက် ကိုယ်တိုင်လိုက်ပို့ပြီး အစအဆုံးကူညီပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/9f/9fabdacd8116c090ba3e34a06c1c73c426efdd0a.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

ခေါင်းရေအိတ်တည်နေတဲ့ (၁၀)လအရွယ်သားလေးကို ဆေးရုံမှာဆေးစစ်ဖို့အတွက် ကိုယ်တိုင်လိုက်ပို့ပြီး အစအဆုံးကူညီပေးခဲ့တဲ့ ဝေဠုကျော်

ပရိသတ်ကြီးရေ ပရဟိတမင်းသားကြီးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ဝေဠုကျော်ကတော့ အများအကျိုးကိုစွမ်းစွမ်းတမံသယ်ပိုးဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။ဝေဠုကျော်ဖောင်ဒေးရှင်းကအဖွဲ့သားတွေကလည်း အကူအညီလိုအပ်သူတိုင်းကို တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးကြလို့ လေးစားစရာကောင်းလောက်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။အခုဆိုရင်လည်း ဝေဠုကျော်က ခေါင်းရေအိတ်တည်နေတဲ့သားသားလေးကို ဖောင်ဒေးရှင်းကကားနဲ့ပဲ ဆေးရုံကိုလိုက်ပို့ပေးခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Wai Lu Kyaw Foundation's FB page
Photo Credit:Wai Lu Kyaw Foundation's FB page
Photo Credit:Wai Lu Kyaw Foundation's FB page
Photo Credit:Wai Lu Kyaw Foundation's FB page

ဝေဠုကျော်ကတော့"ကရင်ပြည်နယ်၊လှိုင်းဘွဲ့က (၁၀)လ အရွယ် ခေါင်းရေအိတ်တည်ရောဂါ သားလေးပါ။မနက်က ကြာသပတေးနေ့ ခွဲစိတ်ဖို့အတွက် ရန်ကင်းဆေးရုံမှာ  သွားစစ်ဆေးရပါတယ်။ဖောင်ဒေးရှင်းက ကားနဲ့ပဲ လိုက်ပို့ပေးခဲ့ပါတယ်။ဆေးရုံက ဆေးစစ်ချက်တွေအရ ကလေးဦးနှောက်က ရေပိတဲ့ဒါဏ်ကြောင့် ပြားချပ်နေပြီး ပွန်းပဲ့ ဒါဏ်ရာရနေပါပြီ။ခွဲစိတ်ရင်လည်း ခေါင်းခွံက ပြန်မပိန်နိုင်တော့သလို ရေထုတ်ပြီးရင်လည်း ဦးနှောက်သေးပြီး ပြားချပ်နေလို့ ရှင်သန်ဖို့မလွယ်နိူင်တော့ပါဘူး။အခုခွဲစိတ်ဖို့ကိုလည်း မေ့ဆေးဒဏ်ခံနိုင်ဖို့နဲ့ ခွဲစိတ်မှု အောင်မြင်ဖို့က ၁၀ရာခိုင်နှုန်းပဲ ရှိတယ်ဆိုတဲ့အကြောင်း စိတ်မကောင်းစွာ ကြားသိရပါတယ်။" 

Photo Credit:Wai Lu Kyaw Foundation's FB page
Photo Credit:Wai Lu Kyaw Foundation's FB page
Photo Credit:Wai Lu Kyaw Foundation's FB page
Photo Credit:Wai Lu Kyaw Foundation's FB page
Photo Credit:Wai Lu Kyaw Foundation's FB page
Photo Credit:Wai Lu Kyaw Foundation's FB page

"ဆရာဝန်ကြီးတွေရဲ့ သုံးသပ်ဆွေးနွေးမှုအရ နိုင်ငံခြားရောက်နေတဲ့ သားလေးမိဘတွေက သားလေးကိုမခွဲစိတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်ကျခြင်း၊စောခြင်းတွေမပြောလိုတော့ပါဘူး။အရာအားလုံးဟာ သားလေးရဲ့ကံတရားဖြစ်လို့ စိတ်မကောင်းဖြစ်ရပါတယ်။ဝဋ်ကြွေးတွေ များခဲ့ပုံရပါတယ်။သားလေးအတွက် အလှူရရှိထားသည်များကို သားလေးအတွက် ကုန်ကျစရိတ်တချို့ လှူပေးပြီး ကျန်ရှိသည့် အလှူငွေများကို သားလေး ကုသိုလ်ရသွားအောင် အခြား လိုအပ်နေပြီး အလှူမရသည့် ကလေးလူနာများတွင်ထည့်သွင်း လှူဒါန်းပေးသွား မည်ဖြစ်ကြောင်း အလှူရှင်များအား အသိပေးအပ်ပါသည်။သားလေး ဆေးရုံကပြန်ဆင်းသည့်အခါ စာရင်းရှင်းတမ်း တင်ပေးပါမယ်။"ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။ 

Photo Credit:Wai Lu Kyaw Foundation's FB page
Photo Credit:Wai Lu Kyaw Foundation's FB page
Photo Credit:Wai Lu Kyaw Foundation's FB page
Photo Credit:Wai Lu Kyaw Foundation's FB page

Source&Photo Credit:Wai Lu Kyaw Foundation's FB page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T