ရွှေဒင်္ဂါး(၇)ပြားနဲ့ သေချာအော်ဒါအပ်ပြီး သူမတူအောင်ဖန်တီးထားတဲ့ ရွှေဆွဲကြိုးလေးကို ချစ်သူဆီကနေလက်ဆောင်ရလိုက်တဲ့ လိမ္မော်သီး

//s9.kh1.co/88/88acda9e58f229c7815d8c56df6efbff633fa124.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

ရွှေဒင်္ဂါး(၇)ပြားနဲ့ သေချာအော်ဒါအပ်ပြီး သူမတူအောင်ဖန်တီးထားတဲ့ ရွှေဆွဲကြိုးလေးကို ချစ်သူဆီကနေလက်ဆောင်ရလိုက်တဲ့ လိမ္မော်သီး

ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဆိုတော် လိမ္မော်သီးကတော့ ထူးခြားတဲ့အသံပါဝါကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သီချင်းတွေကို အင်အားအပြည့်နဲ့ သီဆိုတတ်တာ ဖြစ်ပါတယ် ။ ယနေ့အချိန်အထိတိုင်အောင် သီချင်းတွေအများအပြား ဖန်တီးခဲ့တဲ့ လိမ္မော်သီးက တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိခဲ့ပြီ ဖြစ်ပါတယ် ။ ဒါ့အပြင်လိမ္မော်သီးက ချစ်စရာကောင်းတဲ့ သူမရဲ့ညီမလေးဝေလာရီနဲ့ ဆိုရင်လည်း သီချင်းတွေဖန်တီးပြီး အတူတူသီဆိုခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Mi Mon Mon Thike's FB Acc
Photo Credit-Mi Mon Mon Thike's FB Acc
Photo Credit-Mi Mon Mon Thike's FB Acc
Photo Credit-Mi Mon Mon Thike's FB Acc

ဝေလာရီက ချောမောလှပတဲ့ ရုပ်ရည်လေးနဲ့အတူ ဖြူဖွေးဝင်းဥတဲ့အသားအရေလေးကို ပိုင်ဆိုင်ထားသလို သူမရဲ့ခန္ဓာကိုယ်လေးကလည်း အဆီပိုမရှိဘဲ သွယ်လျနေတာ ဖြစ်ပါတယ် ။ ခပ်မိုက်မိုက်စတိုင်လ်နဲ့ လွတ်လွတ်လပ်လပ်နေထိုင်တတ်တဲ့ လိမ္မော်သီးက မင်းသားကျော်ကျော်ပိုင်မှူးနဲ့ ချစ်သူတွေဖြစ်နေတာလည်း ဖြစ်ပါတယ် ။ ဒီနေ့ကတော့ ဝေလာရီနဲ့ ကျော်ကျော်ပိုင်မှူးတို့ရဲ့ Anniversary နေ့လေးပဲ ဖြစ်ပါတယ် ။ ဒါကြောင့် လိမ္မော်သီးက ချစ်သူဆီကရရှိထားတဲ့ လက်ဆောင်လေးကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-Mi Mon Mon Thike's FB Acc
Photo Credit-Mi Mon Mon Thike's FB Acc
Photo Credit-Mi Mon Mon Thike's FB Acc
Photo Credit-Mi Mon Mon Thike's FB Acc
Photo Credit-Mi Mon Mon Thike's FB Acc
Photo Credit-Mi Mon Mon Thike's FB Acc
Photo Credit-Mi Mon Mon Thike's FB Acc
Photo Credit-Mi Mon Mon Thike's FB Acc

လိမ္မော်သီးက "ကိုယ်ကြိုက်တဲ့ ဒင်္ဂါးလေး အော်ဒါအပ်ပြီး ဆွဲကြိုးလေးလုပ်ဝတ်ဖြစ်တယ်....ငွေရှင်းတော့မှ Anni လက်ဆောင်ဆိုတော့လည်း ..စိတ်မကောင်း ဖြစ်သွားတယ်" ဆိုပြီး ချစ်သက်လက်ဆောင်လေးရခဲ့ပုံကို ပြောပြထားတာ ဖြစ်ပါတယ် ။ ရွှေဒင်္ဂါး (၇)ပြားနဲ့ အလှဆင်ထားတဲ့ တန်ဖိုးကြီးရွှေဆွဲကြိုးလေးက လိမ္မော်သီးရဲ့လည်တိုင်ကျော့ကျော့လေးနဲ့ အရမ်းကိုလိုက်ဖက်နေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် လိမ္မော်သီးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Mi Mon Mon Thike's FB Acc

Photo Credit-Mi Mon Mon Thike's FB Acc
Photo Credit-Mi Mon Mon Thike's FB Acc
Photo Credit-Mi Mon Mon Thike's FB Acc
Photo Credit-Mi Mon Mon Thike's FB Acc
Photo Credit-Mi Mon Mon Thike's FB Acc
Photo Credit-Mi Mon Mon Thike's FB Acc
Photo Credit-Mi Mon Mon Thike's FB Acc
Photo Credit-Mi Mon Mon Thike's FB Acc
Photo Credit-Mi Mon Mon Thike's FB Acc
Photo Credit-Mi Mon Mon Thike's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T