ချစ်သူရဲရင့်အောင်ကြွေသွားလောက်အောင် အလန်းစားဖက်ရှင်လေးဝတ်ဆင်ပြီး အမိုက်စားကကွက်တွေနဲ့အပီအပြင်ဒွန့်နေတဲ့ ဧငြိမ်းဖြူရဲ့Tiktok

//s9.kh1.co/2d/2dcec6661ee5367101cd4de3f6564a87d8ef887d.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

ချစ်သူရဲရင့်အောင်ကြွေသွားလောက်အောင် အလန်းစားဖက်ရှင်လေးဝတ်ဆင်ပြီး အမိုက်စားကကွက်တွေနဲ့အပီအပြင်ဒွန့်နေတဲ့ ဧငြိမ်းဖြူရဲ့Tiktok

မင်းသမီးချောလေးဧငြိမ်းဖြူကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ကာ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေပြီး ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့ သူမကတော့ အမိုက်စားဖက်ရှင်လေးနဲ့ လန်းနေတဲ့ ပုံရိပ်လေးတွေကိုလည်း အားပေးတဲ့ ပရိသတ်တွေရှေ့ ချပြလေ့ရှိတဲ့ မင်းသမီးချောတစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit: A Nyein Phyu' sFacebook Page 
Photo Credit: A Nyein Phyu' sFacebook Page 
Photo Credit: A Nyein Phyu' sFacebook Page 
Photo Credit: A Nyein Phyu' sFacebook Page 

သူမကတော့ အဆိုတော်ရဲရင့်အောင်နဲ့အတူ အေးချမ်းသာယာတဲ့ ချစ်သူဘဝလေးကို အတူဖြတ်သန်းလျက်ရှိနေပြီး သူတို့စုံတွဲလေးကတော့ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုအပြည့်နဲ့ အချိန်အတော်ကြာလက်တွဲလျက်ရှိနေတဲ့အနုပညာရှင်စုံတွဲလေးပဲဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက်အမြဲပံ့ပိုးကူညီပေးလျက်ရှိနေပြီး ပရိသတ်တွေအားကျချစ်ခင်ရတဲ့ သူမတို့စုံတွဲလေးကတော့ ရိုမန်တစ်ဆန်တဲ့ ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိပါတယ်။

Photo Credit: A Nyein Phyu' sFacebook Page 
Photo Credit: A Nyein Phyu' sFacebook Page 
Photo Credit: A Nyein Phyu' sFacebook Page 
Photo Credit: A Nyein Phyu' sFacebook Page 

သူမကတော့ ယခုမှာ ချစ်သူရဲရင့်အောင်ကြွေသွားလောက်အောင် အလန်းစားဖက်ရှင်လေးဝတ်ဆင်ပြီး အမိုက်စားကကွက်တွေနဲ့အပီအပြင်ဒွန့်နေခဲ့ပါတယ်။ ချစ်စရာပုံစံလေးနဲ့ အထာကျကျကနေပြီး ကြွေလောက်စရာကောင်းလွန်းနေတဲ့ သူမရဲ့Tiktokဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးဧငြိမ်းဖြူရဲ့ အပီအပြင်ကနေတဲ့ Tiktokလေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

Source : A Nyein Phyu 's Tiktok Acc

Photo Credit: A Nyein Phyu' sFacebook Page 
Photo Credit: A Nyein Phyu' sFacebook Page 
Photo Credit: A Nyein Phyu' sFacebook Page 
Photo Credit: A Nyein Phyu' sFacebook Page 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T