စည်သူဝင်းရဲ့ ဂရုစိုက်ကြင်နာမှုတွေအောက်မှာ မနေတတ်အောင် ရှက်သွေးဖြာနေတဲ့ သဇင်ထူးမြင့် ရဲ့ ဗီဒီယို

//s9.kh1.co/37/37a968e57880e36f52f5d57ee5d4975a83a030f7.jpg
အနုပညာရှင်များ

 ၁၂-ဇန်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

တက်သစ်စမော်လ်ဒယ် မင်းသားချောလေး စည်သူဝင်း ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ စည်သူဝင်းကတော့ MRTV - 4 ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ရင်း အောင်မြင်မှုတွေရရှိခဲ့သူပဲ ဖြစ်ပါတယ်။ လက်ရှိ ကိုဗစ်ကာလလေးမှာ အနုပညာလှုပ်ရှားမှု့အနေနဲ့ ကြော်ငြာတွေအပြင် photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေတာ တွေ့ရပါတယ်။

PhotoCredit - Si Thu Win fb page
PhotoCredit - Si Thu Win fb page
PhotoCredit - Si Thu Win fb page
PhotoCredit - Si Thu Win fb page

စည်သူဝင်းက ယောကျာ်းပီသတဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားပြီး တည်ကြည်ခန့်ညားမှုတွေကြောင့်လည်း နှုတ်ခမ်းနီမလေးတွေက ချစ်ခင်နေရတာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း အနုပညာမောင်နှမတွေဖြစ်တဲ့ အောင်မင်းခန့် ၊ ယွန်းယွန်း အပြင် သဇင်ထူးမြင့် တို့နဲ့အတူ ကြော်ငြာလေးတွေရိုက်ကူးနေတာကိုလည်း ဖော်ပြပေးပါတယ်။ ယခုမှာတော့ စည်သူဝင်းက ပရိသတ်တွေ ချစ်အားပိုလောက်မယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

PhotoCredit - Si Thu Win fb page
PhotoCredit - Si Thu Win fb page
PhotoCredit - Si Thu Win fb page
PhotoCredit - Si Thu Win fb page

ဒီဗီဒီယိုလေးထဲမှာတော့ စည်သူဝင်းက သီချင်းဆိုပြီး မင်းသမီးချောလေး သဇင်ထူးမြင့်ကို ပခုံးလေးဖက်ကာ ချစ်စရာကောင်းလောက်အောင် အပြတ်အသတ်ရိုဆန်နေတာ ဖြစ်ပါတယ်။ ရှုတင်မှာ မောင်နှမတွေ တစ်ယောက်နဲ့ တစ်ယောက်စနောက်ကျရင်း ပျော်ရွှင်နေတဲ့ စည်သူဝင်းရဲ့ဗီဒီယိုလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။ ကဲ.... ပရိသတ်ကြီးရေ မင်းသမီးချောလေး သဇင်ထူးမြင့် နဲ့အတူ ရိုဆန်နေတဲ့ စည်သူဝင်းရဲ့ ဗီဒီယိုလေးကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်VideoCredit & Source - Si Thu Win fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T