ခင်ပွန်းဖြစ်သူလက်ဆောင်ပေးထားတဲ့ သိန်းပေါင်းများစွာတန်တဲ့ ကျောက်မျက်ရတနာတွေဆင်မြန်းကာ လှပကျော့ရှင်းနေတဲ့စမိုင်းလ်

//s9.kh1.co/f0/f0e8224e0c9b7d64e33a646e873d527190dd6d12.jpg
အနုပညာရှင်များ

 ၁၃-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.. မင်းသမီးချောလေး စမိုင်းလ်ကတော့ သရုပ်ဆောင်ပိုင်းမှာ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားပြီး ကြည်နူးစရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူပါပဲ‌နော်....။ စမိုင်းလ်ဟာ သာယာချမ်းမြေ့စရာအိမ်ထောင်လေးကိုလည်း ပိုင်ဆိုင်ထားပြီး ချစ်စရာသမီးလေးနှစ်ယောက်ကိုပါ ပိုင်ဆိုင်ထားတာဖြစ်တဲ့အပြင် သမီးလေးနှစ်ယောက်လုံးဟာလည်း လိမ္မာရေးခြားရှိကြတဲ့သူလေးတွေဖြစ်ပါတယ် ။

Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page

စမိုင်းလ်ဟာ ကုသိုလ်ရေးနဲ့ပက်သက်ပြီးတော့လည်း လူအများလက်ဖျားခါရလောက်အောင်ကိုလှူဒါန်းမှုတွေပြုလုပ်လေ့ရှိပြီး လူသားချင်းစာနာထောက်ထားတဲ့စိတ်အပြည့်ရှိတဲ့သူဖြစ်ကာ မကြာခဏကို အလှူတွေရက်ရက်ရောရောပြုလုပ်နေတာဖြစ်ပါတယ်။ အခုဆိုရင်လည်း

စမိုင်းလ်ဟာ သမီးအကြီးလေး Portiaရဲ့မွေးနေ့အလှူအတွက် အောင်ဇဗ္ဗူတောရ ဓမ္မရိပ်သာကျောင်းမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်နော်.....။

Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page

စမိုင်းလ်ရဲ့ ခင်ပွန်းဖြစ်သူဟာလည်း စမိုင်းလ်အပေါ်ကို ဂရုစိုက်ကြင်နာတတ်ပြီးလိုအပ်တာမှန်သမျှဖြည့်ဆည်းပေးတတ်တဲ့သူဖြစ်တာကြောင့် သူတို့ဇနီးမောင်နှံလေးဟာလည်း အများအားကျနေရတာပါ။ မကြာသေးမီက စမိုင်းလ်ဟာသူမရဲ့ Facebook pageလေးမှာ "ဝတ်စုံ - မမေမြတ်ဝါဆို ပစ္စည်းစပွန်ဆာ - ယောကျာ်း ..." ဆိုပြီး ရေးသားကာ ကျက်သရေရှိပြီး ကျော့ရှင်းလှပနေတဲ့ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page

သတင်း အရင်းအမြစ်စမိုင်းလ်Smile's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T